Powered by Blogger.

Google News မှာ ဒေသဆိုင်ရာ သတင်းတွေကိုပါ ဖတ်ရှုနိုင်တော့မည်



ဒေသဆိုင်ရာ သတင်းတွေက ကြီးမားတဲ့ ရေပန်းစားမှုကို ပြသလာတာကြောင့် Google က သူတို့ရဲ့ News မှာလည်း ဒေသဆိုင်ရာ Local သတင်းတွေကို အချိန်နဲ့ တစ်ပြေးညီပြသသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

Google ဟာဆိုရင်တော့ ဒီလို ဒေသဆိုင်ရာသတင်းတွေကို ပြသနိုင်ဖို့အတွက် LocalSource ဆိုတဲ့ tag တစ်ခုကို ထည့်သွင်းထားပြီဖြစ်ပြီး ဒီ ဒေသဆိုင်ရာသတင်းပိုင်းတွေမှာတော့ လောလောဆယ်မှာ နိုင်ငံရဲ့ အဓိက သတင်းခေါင်းစဉ်ကြီးတွေကိုသာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Google ကတော့ အခုလို ဒေသဆိုင်ရာ သတင်းတွေပြသနိုင်ဖို့အတွက်တော့ သတင်းရင်းမြစ်ပေါင်း ၇၅၀၀၀ ကျော်ကို ထပ်မံဖြည့်သွင်းထားပြီး ရေးသားသူတွေရဲ့ ဒေသဆိုင်ရာသတင်းအချက်အလက်တွေကို အလိုအလျောက် စစ်ထုတ်ပြသပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုသတင်းအချက်အလက်တွေဟာဆိုရင်တော့ news.google.com မှာ အသက်ဝင်နေပြီဖြစ်ပြီး Google က သူတို့ရဲ့ ကြီးမားတဲ့ သတင်းကွန်ယက်ကို ထပ်မံတိုးချဲ့သွားအုံးမှာဖြစ်တယ်လို့ သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : Engadget


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment