Powered by Blogger.

အသုံးပြုသူတွေရဲ့ ပါးစပ်အတွင်းပိုင်းကို တိုက်ရိုက်ဗီဒီယို ရိုက်ကူးပေးနိုင်တဲ့သွားတိုက်တံ


Seattle အခြေစိုက် ကုမ္ပဏီတစ်ခုဟာ အသုံးပြုသူရဲ့ ခံတွင်းအတွင်း တိုက်ရိုက်ဗီဒီယို ရိုက်ကူးပေးနိုင်တဲ့ အဆင့်မြင့်နည်းပညာသုံး သွားတိုက်တံ ထုတ်လုပ်မိတ်ဆက်မယ်ဆိုတဲ့အကြောင်း ကြေညာခဲ့ပါတယ်။

Prophix ခေါ် ဗီဒီယိုသွားတိုက်တံကို Dr. Craig S. Kohler က တီထွင်ဖန်တီးထားတာဖြစ်ပြီး Wi-Fi နဲ့ Bluetooth နည်းပညာကို အသုံးပြုကာ အသုံးပြုသူရဲ့ ပါးစပ်အတွင်းပိုင်းကို ရိုက်ကူးပေးထားတဲ့ ဗီဒီယိုကို စမတ်ဖုန်းကနေ တစ်ဆင့်ကြည့်ရှုနိုင်အောင် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။

ဒီသွားတိုက်တံဟာ အသုံးပြုသူတွေ ဗီဒီယိုကြည့်ရှုပြီး ခံတွင်းကျန်းမာရေးဆိုင်ရာတွေကို ခြေရာခံနိုင်ဖို့ App တစ်ခုနဲ့ တွဲဖက်အလုပ်လုပ်နိုင်ပါတယ်။

 “ ဗီဒီယိုကို တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။ ခြေရာခံကြည့်ချင်တဲ့ အစိတ်အပိုင်းတွေကိုလည်း ဓါတ်ပုံရိုက်ကူး မှတ်တမ်းတင်ထားနိုင်ပါတယ်။ သွားဖုံးတစ်ရှုးတွေရဲ့ အရောင်ပြောင်းလဲမှုတွေကို စောင့်ကြည့်ပြီးလည်း ဘာဖြစ်တယ်ဆိုတာတွေကို မေးခွန်းထုတ် အဖြေရှာပေးနိုင်မှာပါ” လို့ hicago Tribune ကို Dr. Kohler က ပြောကြားထားပါတယ်။

Prophix ကို ကြိုတင်အော်ဒါမှာယူနိုင်မှာဖြစ်ပြီး အထူးလျှော့ဈေး ဒေါ်လာ ၂၉၉ နဲ့ ကြာသာပတေးနေ့က စတင်မှယူနိုင်ပြီလို့ ဆိုပါတယ်။ ဒီသွားတိုက်တံကိုတော့ ၂၀၁၇ ခုနှစ်မှာ လက်လီဈေးနှုန်း ၃၉၉ ဒေါ်လာနဲ့ ရောင်းချပေးသွားမှာပါတဲ့။




( Michelle )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : UPI



Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment