Powered by Blogger.

Note 6 မှာ ထည့်သွင်းအသုံးပြုသွားဖွယ်ရှိတဲ့ 10nm 6GB RAM ချစ်ပ်ကို Samsung ထုတ်လုပ်


မနေ့က တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Mobile Solutions Form ပွဲမှာတော့ Samsung က 10nm 6GB RAM ချစ်ပ်ကို မိတ်ဆက်သွားခဲ့တယ်လို့ သိရပါတယ်။ ဒီလိုမျိုး ချစ်ပ်ကတော့ မိုဘိုင်းလ်ဖုန်းတွေအတွက် အဆန်းသစ်ဆုံးနည်းပညာဖြစ်လာနိုင်ပြီး အရမ်းကိုသေးငယ်တဲ့ 10 nm အရွယ်ပမာဏသာရှိတဲ့ ချစ်ပ်တစ်ခုဖြစ်လာမှာပါ။

Samsung ကတော့ ဒီချစ်ပ်နဲ့ ပတ်သက်ပြီး တစ်စုံတစ်ခုထုတ်ဖော်ပြောကြားထားခြင်းမရှိပေမယ့်လည်း 10nm 6GB RAM LPDDR4 ချစ်ပ်ဟာ Samsung ရဲ့ Galaxy Note 6 မှာပါဝင်လာနိုင်တယ်လို့ သတင်းတွေက ခန့်မှန်းနေကြပါတယ်။ နောက်ပိုင်းမျိုးဆက်ဖုန်းတွေမှာတော့ ပရော်ဆက်ဆာနဲ့ RAM ချစ်ပ်တွေဟာ အရေးပါတဲ့ အရာတစ်ခုဖြစ်လာနိုင်ပြီး ၊ လစ်သီယမ်-အိုင်းယွန်းဘက်ထရီနည်းပညာကတော့ ယခုတိုင်မပြောင်းလဲသေးတာကြောင့် အခုလို RAM နဲ့ ပရော်ဆက်ဆာတွေရဲ့ ခေတ်ပြောင်းခေတ်လွဲဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

ဘက်ထရီတွေကတော့ အားများများသိုလှောင်နိုင်စွမ်းရှိပြီး အရွယ်အစားသေးငယ်တဲ့ ဘက်ထရီအဖြစ်ပြောင်းလဲဖို့ ခက်ခဲတာကြောင့် အခုလိုမျိုး လုပ်အားနှုန်းကောင်းပြီး ပါဝါသုံးစွဲမှုနည်းတဲ့ ချစ်ပ်တွေကို ထုတ်လုပ်လာခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် Samsung ကတော့ ခေတ်ပြောင်းခေတ်လွဲဖြစ်စေမယ့် ချစ်ပ်တစ်မျိုးကို ထုတ်လုပ်လိုက်နိုင်ပြီလို့ဖြစ်ပါတယ်။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : Android Authority

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment