Powered by Blogger.

HP ရဲ့ Chromebook 13 လက်ပ်တော့အသစ်ကို မိတ်ဆက်



Chromebook အများစုဟာ ဈေးသက်သာပြီး၊ စွမ်းဆောင်ရည်သိပ်မကောင်းပေမယ့်၊ ယခုထွက်ရှိလာတဲ့ HP ရဲ့ Chromebook 13 ကတော့ ဒီဇိုင်းကော စွမ်းဆောင်ရည်ပါ အမိုက်စားဖြစ်လာပါတယ်။

ဈေးကလည်း သာမန် Chromebook တွေလို ဒေါ်လာ ၂၀၀ ကနေ ၃၀၀ ကြား မဟုတ်ဘဲ၊ ၄၉၉ ဒေါ်လာဈေး ရှိပါတယ်။

Chromebook 13 ရဲ့ အထူဟာ ၀.၅ လက်မပဲရှိပြီး၊ အလူမီနီယမ်ကိုယ်ထည်နဲ့ ဆိုတော့ တကယ့်တန်ဖိုးကြီး လက်ပ်တော့တစ်လုံးကိုင်ရသလို ခံစားမှုမျိုး ရရှိမှာပါ။

Apple ရဲ့ ၁၃ လက်မအရွယ် Macbook Pro ရဲ့ အထူက ၀.၇၁ လက်မရှိတာကြောင့် Macbook Pro ထက် အနည်းငယ် ပိုပါးပြီး၊ HP ရဲ့ မကြာသေးခင်ကထွက်ထားတဲ့ ကမ္ဘာ့အပါးဆုံးလက်ပ်တော့ Spectre (၀.၄ လက်မ) ထက် ဆံချည်တစ်မျှင်စာလောက် ပိုထူပါတယ်။ မျက်နှာပြင်ကတော့ full HD display နဲ့ပါ။

တခြားလက်ပ်တော့တွေနဲ့မတူတာကတော့ အသံပိုင်းတော်တော်ကောင်းမွန်ပြီး၊ နာမည်ကျော် Bang & Olufsen’s Play ရဲ့ အသံနည်းပညာကို အသုံးပြုထားပါတယ်။

HP ရဲ့ Chromebook 13 ဟာ Intel ရဲ့ ဆဌမမြောက်မျိုးဆက် Core m (Skylake) ပရိုဆက်ဆာကို အသုံးပြုထားတဲ့ ပထမဆုံး Chromebook ဖြစ်ပြီး၊ Core m7 မော်ဒယ်မှာ RAM 16 GB တောင် ပါဝင်ပါတယ်။ Core m3 နဲ့ m5 မော်ဒယ်တွေက RAM 8GB ပါ။ ပရိုဆက်ဆာကော RAM ကော တကယ့်အမြင့်စားတွေပါပဲ။

Intel HD Graphics 515 ပါဝင်ပြီး၊ Chromebook တွေရဲ့ ထုံးစံအတိုင်း အတွင်း storage ကတော့ 32 GB နဲ့ သိပ်အများကြီးမဆံ့ပါဘူး။ Chromebook ဟာ Cloud စနစ်ကို အဓိကအားထားတဲ့လက်ပ်တော့ဖြစ်တာကြောင့် storage သိပ်အများကြီးမပါတာဖြစ်ပါတယ်။

HP ရဲ့ ပြောကြားချက်အရ ၄၅-၀ပ်အားဘက်ထရီကနေ ဘက်ထရီသက်တမ်း ၁၁.၅ နာရီအထိခံပြီး၊ USB-C အပေါက်ပါဝင်တာကြောင့် အားသွင်းမှုလည်း မြန်ဆန်တယ်လို့ သိရပါတယ်။

Chromebook 13 ကို ဧပြီလကုန်မှာစတင်ရောင်းချမှာဖြစ်ပါတယ်။

( Beauty Syh )




#သစ်ထူးလွင်(နည်းပညာ)      
#technology.thithtoolwin.com

Ref :BGR


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment