Powered by Blogger.

Xiaomi က ကလေးငယ်တွေအတွက် စမတ်နာရီထုတ်လုပ်



Xiaomi ကတော့ ကလေးငယ်တွေအတွက် စမတ်နာရီတစ်မျိုးကို စတင်ထုတ်လုပ်ရောင်းချလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီနာရီမှာတော့ ကလေးငယ်ဘယ်ရောက်နေပြီဆိုတာ သိနိုင်မယ့် ခြေရာခံစနစ်တွေနဲ့ ဖုန်းပြောလို့ရနိုင်မယ့် လုပ်ဆောင်ချက်တွေ ပါဝင်လာပါတယ်။

ဒီနာရီဟာဆိုရင်တော့ ၄၆ ဒေါ်လာလောက်သာ ကျသင့်မှာဖြစ်ပြီး Mi Bunny Smartwatch လို့အမည်ပေးထားပါတယ်။ ဒီဈေးနှုန်းဟာ တစ်ခြားသော ကလေးပတ် စမတ်နာရီတွေနဲ့ ယှဉ်ရင်တော့ အတော်လေးကို ချိုသာလွန်းတဲ့ နှုန်းထားတစ်ရပ်ဖြစ်ပါတယ်။

ဒီနာရီကိုတော့ ဖုန်းအက်ပလီကေးရှင်းတစ်ခုနဲ့ တွဲဖက်အသုံးပြုရမှာဖြစ်ပြီး မိဘတွေဟာ ကိုယ့်ကလေးငယ်သွားနိုင်တဲ့ နယ်နိမိတ်တစ်ခုကို သတ်မှတ်ထားနိုင်ပါတယ်။ ဒီနယ်နိမိတ်ကနေ ကလေးငယ်က ကျော်လွန်ထွက်ခွာသွားပြီဆိုရင်တော့ ဖုန်းကို အချက်ပေးမှာဖြစ်ပါတယ်။

ဒီနာရီမှာတော့ အရေးပေါ် SOS ခလုတ်တစ်ခုလည်း ပါဝင်ပြီး ကလေးငယ်တွေက အရေးပေါ်အခြေအနေကြံလာလို့ နှိပ်လိုက်ချိန်မှာ ကလေးရောက်ရှိနေတဲ့ နေရာကို မိဘတွေရဲ့ ဖုန်းတွေဆီကို စက္ကန့်ပိုင်းအတွင်း ပို့ဆောင်ပေးသွားမှာပါ။ ဒီစမတ်နာရီကိုတော့ တရုတ်နိုင်ငံမှာ ပွဲဦးထွက် စတင်ရောင်းချနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : Engadget

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment