Powered by Blogger.

Opera ဘရောက်ဆာ မှာ "power saving mode" ပါဝင်လာတော့မည်



Opera ကတော့ နောက်ဆုံးအနေနဲ့  "power saving mode" ဆိုတဲ့ လုပ်ဆောင်ချက်သစ်တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။

ဒီလိုလုပ်ဆောင်ချက်ကြောင့် Opera ဘရောက်ဆာကို အသုံးပြုတာဟာ Google ရဲ့ Chrome ဘရောက်ဆာကို အသုံးပြုတာထက် ဘက်ထရီကို ၅၀ ရာနှုန်းပိုခံစေမှာဖြစ်တယ်လို့ သိရပါတယ်။

ကိုယ့်ရဲ့ လက်ပ်တော့ အားကုန်တော့မယ်အခါမှာ ဘရောက်ဆာရဲ့ ညာဘက် အပေါ်ထောင့်ကို သွားရောက်ပြီး ဒီလုပ်ဆောင်ချက်ကို Activate ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

 "power saving mode" ဖွင့်ထားချိန်မှာ လတ်တလော အသုံးမပြုတဲ့ Tab တွေ ၊ အသုံးမပြုတဲ့ plug-in တွေနဲ့ video playback တွေကို ရပ်တန့်ပေးထားမှာဖြစ်ပြီး အားကုန်တာကို ၅၀ ရာနှုန်းလောက်ထိ သက်သာစေမှာဖြစ်ပါတယ်။

Opera ဘရောက်ဆာဟာ ကြော်ငြာတွေကို ပိတ်ပစ်လို့ရတဲ့ ad-blocking လုပ်ဆောင်ချက်ကို ဖုန်းမှာရော ၊ Desktop မှာပါ ထည့်သွင်းပြီးတဲ့နောက်မှာတော့ အခုလို လုပ်ဆောင်ချက်သစ်ကို developer ဗားရှင်းမှာ ထည့်သွင်းလိုက်တာဖြစ်ပါတယ်။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : The Verge
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment