Powered by Blogger.

WhatsApp က ကွန်ပျူတာများအတွက် တရားဝင်အက်ပလီကေးရှင်းထုတ်လုပ်



ဟိုတစ်လောကတော့ ကွန်ပျူတာတွေမှာလည်း WhatsApp ကို အသုံးပြုနိုင်တော့မယ်ဆိုတဲ့ သတင်းကို ရေးခဲ့ဖူးပါတယ်။ အခုအချိန်မှာတော့ WhatsApp က ကွန်ပျူတာတွေအတွက် တရားဝင်ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။

WhatsApp က နယ်ပယ်တစ်ခုကို ထပ်မံချဲ့ထွင်လိုက်တာဖြစ်ပြီး လူတိုင်းအဆင်ပြေပြေ အသုံးပြုနိုင်လာတော့မယ့် မက်ဆေ့ခ်ျ်အက်ပလီကေးရှင်း ဖြစ်လာအောင် ခြေလှမ်းသစ်တစ်ခု စတင်လှမ်းလိုက်တာလည်း ဖြစ်ပါတယ်။ သုံးစွဲသူတစ်ဘီလျံပြည့်မြောက်ခဲ့ပြီဖြစ်တာကြောင့်လည်း အခုလို ကွန်ပျူတာနဲ့ အသုံးပြုသူတွေ အဆင်ပြေအောင် ပြုလုပ်လိုက်တာလည်း ဖြစ်ပါတယ်။

“ကျွန်တော်တို့ WhatsApp Web ရဲ့ Desktop App ဟာ သင့်ရဲ့ဖုန်းတွေနဲ့ ရိုးရှင်းစွာ ချိတ်ဆက်ပေးမယ့် ကြားခံနယ်တစ်ခုဖြစ်ပါတယ်။ ဒီApp ဟာ သင့်မိုဘိုင်းလ်စက်တွေက စကားစမြည်ပြောဆိုတာတွေကို ပြန်လည်အမှတ်ရစေမှာပါ” လို့ ကုမ္ပဏီကပြောပါတယ်။ တစ်ခုရှိတာက သင့်အနေနဲ့ WhatsApp ကို Desktop ကွန်ပျူတာတွေမှာ အသုံးပြုနိုင်ဖို့အတွက် သင့်ဖုန်းမှာ WhatsApp ရှိရမှာဖြစ်ပြီး အသုံးပြုဖို့ လိုအပ်ပါတယ်။

App ထဲကို Log In ဝင်ဖို့အတွက် သင်အသုံးပြုနေတဲ့ WhatsApp mobile app က QR ကုဒ်ကို Scan လုပ်ပေးဖို့ လိုအပ်ပါတယ်။ လုပ်ပြီးတဲ့အခါမှာ သင့်ရဲ့ Chat Box တစ်ခုလုံးကျလာမှာဖြစ်ပါတယ်။ Desktop ဗားရှင်းကို အသုံးပြုတဲ့ အကျိုးကျေးဇူးကတော့ Desktop Notification တွေရရှိတာနဲ့ သင့်ကြိုက်နှစ်သက်တဲ့ Keyboard Shortcuts တွေကို ခွင့်ပြုထားတာပဲ ဖြစ်ပါတယ်။

 အသုံးပြုရတာလည်း အတော်အဆင်ပြေတာကို တွေ့ရမှာပါ။ WhatsApp ဟာယခုဆိုရင်သုံးစွဲသူ သန်းတစ်ထောင်ကျော်ရှိနေပြီဖြစ်ပြီး ဒီApp ကိုသင့်အလုပ်ထဲမှာ တစ်နေကုန်ဖွင့်ထားဖို့အတွက်လည်း ဒီနေ့ကစပြီး လမ်းဖွင့်ပေးလိုက်ပြီဖြစ်ပါတယ်။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : DT




Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment