Powered by Blogger.

Polaroid ကင်မရာတွင် “မင်”မလိုဘဲ ဓာတ်ပုံများကို ထုတ်ယူနိုင်တော့မည်


အခုရိုက်ပြီး အခုယူလို့ရတဲ့ Polaroid ကင်မရာလေးတွေကို ကမ္ဘာတစ်ဝှမ်းကလူတွေက အမှတ်တရလေးတွေကို ချက်ချင်းမှတ်တမ်းတင်နိုင်ဖို့အတွက် အသုံးပြုနေကြပါတယ်။ ဒီကင်မရာမှာတော့ ဓာတ်ပုံကောင်းကောင်းလေးတစ်ပုံရရှိဖို့အတွက် မင်ပြန်ဖြည့်ရတတ်ပြီး မင်ခြောက်သွားဖို့လည်း ခါရပါတယ်။

တန်ဖိုးနည်းတဲ့ ကင်မရာလေးအမျိုးအစားတစ်ခုဖြစ်ပြီး အခုရိုက်အခုယူပုံစံက ဒီကင်မရာကို စတင်မိတ်ဆက်ခဲ့တဲ့အချိန်မှာ အရမ်းကို လူကြိုက်များခဲ့ကြပါတယ်။ အခုခေတ်မှာတော့ Polaroid ကလည်း သူတို့ရဲ့နည်းပညာကို ခေတ်နဲ့အမီပြောင်းလဲမှုပြုလုပ်ခဲ့ပါတယ်။ မင်တစ်စက်မှ မလိုအပ်ပဲ ဓာတ်ပုံရိုက်ကူးနိုင်မယ့် နည်းလမ်းကောင်းတစ်ခုကို ကင်မရာနဲ့အတူ ထည့်သွင်းလိုက်တာဖြစ်ပါတယ်။

မင်အသုံးမပြုဘဲ ဓာတ်ပုံတွေကို print ပြုလုပ်ပေးမှာဖြစ်ပြီး print လုပ်ဖို့ စာရွက်ချပ်တွေကို ကင်မရာတွင်းမှာ ထည့်သွင်းအသုံးပြုရမှာဖြစ်ပါတယ်။ ဒီကင်မရာမှာတော့ ဓာတ်ပုံတွေကို သိမ်းထားနိုင်တဲ့ 32 GB SD card တစ်ခုလည်းပါဝင်ပြီး ကင်မရာကနေတစ်ဆင့် ဖုန်းနဲ့ ကင်မရာတွေကို ဓာတ်ပုံတွေ အလွယ်တကူလွဲပြောင်းပေးနိုင်မှာဖြစ်ပါတယ်။ 

မင်မလိုဘဲ ကင်မရာကနေတစ်ဆင့် ပုံထုတ်လုပ်နိုင်မယ့် print နည်းပညာကို Polaroid က  အသုံးပြုလိုက်တာဖြစ်ပြီး print အချပ်ရေ ငါးဆယ်ပါစက္ကူထုပ်တစ်ထုပ်ကို ဒေါ်လာ ၂၀ ကျော်တည်းနဲ့ ဝယ်ယူနိုင်ပြီဖြစ်ပြီး ကင်မရာကတော့ ဒေါ်လာ ၁၀၀ လောက်သာ ကျသင့်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

( Beauty Syh )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : BGR


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment