Powered by Blogger.

အီးမေးလ်အကောင့်ပေါင်း သန်း ၂၅၀ ကျော်ကို ရုရှားဟက်ကာများ ခိုးယူထား



သင့်မှာရှိနေတဲ့ Gmail အပါအဝင် ရှိသမျှ အီးမေးလ်တွေ အားလုံးကို Password တွေ ပြောင်းလဲထားဖို့ အချိန်တန်နေပါပြီ။ သင့်အနေနဲ့ အကောင့်တစ်ခု အခိုးခံရတာဘာဖြစ်လဲဆိုပြီး မတွေးပါနဲ့ ရုရှားက တရားမဝင် မြေအောက် လူဆိုးဂိုဏ်းတွေရဲ့ မေးလ်တွေအဖြစ် သင့်ရဲ့ အီးမေးလ်က ပြောင်းလဲသွားနိုင်လို့ပဲဖြစ်ပါတယ်။

ဒီသတင်းကိုတော့ Reuters သတင်းဌာနကနေ အတိအကျဖော်ပြခဲ့တာဖြစ်ပြီး Hold Security ကုမ္ပဏီက အခုလို တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီဟက်ကာတွေမှာဆိုရင်တော့ ဒီအီးမေးလ်ဆီက အချက်အလက်ပေါင်း ၁.၁၇ ဘီလျံလောက်ရှိနေပြီး ခိုးယူခံရနိုင်ဖွယ်ရှိတယ်လို့ စိုးရိမ်နေရတဲ့ အကောင့်ပေါင်းက ၂၇၂.၃ သန်းအထိရှိနေပါတယ်။

၅၇ သန်းသော အီးမေးလ်အကောင့်တွေဟာဆိုရင်တော့ ရုရှားမှာ လက်ရှိအသုံးပြုနေကြတဲ့ Mail.ru ဆိုတဲ့ အီးမေးလ်တွေဖြစ်ပြီးစ တစ်လကို ၆၄ သန်းအထိ အသုံးပြုသူတွေရှိနေတဲ့ အီးမေးလ်အကောင့်တွေဖြစ်တယ်လို့လည်း သိရပါတယ်။



ဟက်ကာတွေဟာ နာမည်ကျော် အီးမေးလ်တွေဖြစ်တဲ့ Gmail , Yahoo Mail အကောင့်တွေကိုလည်း ခိုးယူမှုတွေပြုလုပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : Gadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment