Powered by Blogger.

Samsung က “Charm” လို့ အမည်ပေးထားတဲ့ ကျန်းမာရေးလက်ပတ်ကို ထုတ်လုပ်


Samsung ကတော့ ဖေဖော်ဝါရီလအတွင်းက ကမ္ဘာ့မိုဘိုင်းကွန်ဂရက်မှာ Charm လို့ နာမည်ပေးထားတဲ့ ကျန်းမာရေးလက်ပတ်ကို လာမယ့် ကာလအနည်းငယ်အတွင်းမှာ မိတ်ဆက်မယ်လို့ ကြေညာခဲ့ဖူးပါတယ်။

Charm ဟာ ဆိုရင်တော့ Samsung ကနေ ထုတ်လုပ်ဖြန့်ချိတဲ့ Gear Fit 2 နဲ့ အသွင်အပြင်မတူညီဘဲ စတိုင်လ်အသားပေး ဖန်စီလက်ပတ်ပုံစံမျိုးနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ Display မျက်နှာပြင်လည်း ဒီလက်ပတ်မှာ ပါဝင်လာခြင်းမရှိတာကို တွေ့ရပါတယ်။

ဒီလက်ပတ်ကို အသုံးပြုဖို့အတွက်တော့ မိုဘိုင်းဖုန်းနဲ့ တွဲဖက်အလုပ်လုပ်ရမှာဖြစ်ပြီး “Charm By Samsung” ဆိုတဲ့ အက်ပလီကေးရှင်းတစ်ခုကို ထည့်သွင်းဖို့ လိုအပ်မှာဖြစ်ပါတယ်။ Charm လက်ပတ်မှာပါဝင်တဲ့ မော်နီတာတစ်ခုက သင့်ရဲ့ ခြေလှမ်းတိုင်းကို စောင့်ကြည့်ပေးနေမှာဖြစ်ပြီး ကျန်းမာရေးအခြေအနေကို သေချာစောင့်ကြည့်ပေးနေမှာပါ။

ဒီလက်ပတ်မှာ 17 mAh ပမာဏရှိတဲ့ အားပြန်သွင်းနိုင်တဲ့ ဘက်ထရီတစ်ခုပါဝင်ပြီး ဒီဘက်ထရီဟာ ၁၄ ရက်ကြာ ဆက်တိုက်အသုံးခံတယ်လို့ Samsung ကဆိုပါတယ်။ အသုံးပြုသူတွေကတော့ Xiaomi ရဲ့ Mi Band ကို ပိုမိုပြီး ကြိုက်နှစ်သက်ကြတယ်လို့ သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : Android Authority

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment