Powered by Blogger.

Download အကြိမ်ရေအများဆုံး Android အက်ပလီကေးရှင်းဆယ်ခု


၂၀၁၂ ခုနှစ် မတ်လ ၆ ရက်နေ့မှာတော့ Google ဟာ Apple ရဲ့ App Store ကို ယှဉ်ပြိုင်နိုင်ဖို့အတွက် Google Play Store ကို မိတ်ဆက်ခဲ့ပြီး Android ပလက်ဖောင်းအတွက်တော့ အကောင်းဆုံး Store ကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။

ဒီ Store ပေါ်မှာတော့ Developer တွေက သူတို့ကိုယ်တိုင်ဖန်တီးပြုလုပ်ထားကြတဲ့ အက်ပလီကေးရှင်းတွေကို တင်ခဲ့ကြပြီး အောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်။

Google ဟာ Play Store ကို စတင်မိတ်ဆက်တဲ့အချိန်ကနေ ယခုအချိန်မှာတော့ Play Store ရဲ့ အကျိုးအမြတ်ဝင်ငွေဟာ ၃၅ ဆအထိ တိုးတက်လာတယ်လို့ သိရပါတယ်။

ဒီလို တိုးတက်လာမှုနဲ့အတူ Play Store မှာလည်း Download အကြိမ်ရေအများဆုံး အက်ပလီကေးရှင်းတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ ဒ့ါကြောင့် Download ကြိမ်ရေအများဆုံး အက်ပလီကေးရှင်းဆယ်ခုကို အခုလိုပဲ ဖော်ပြလိုက်ရပါတယ်။

1.    Facebook
2.    WhatsApp
3.    Facebook Messenger
4.    Instagram
5.    Clean Master
6.    Skype
7.    LINE
8.    Viber
9.    Twitter
10.    Flashlight by Surpax

တို့ပဲဖြစ်ပါတယ်။

Facebook ကတော့ ဒီစာရင်းမှာ နေရာအတော်များများကို သူတို့ရဲ့ အက်ပလီကေးရှင်းတွေနဲ့ လွှမ်းမိုးထားနိုင်ခဲ့တာကို တွေ့ရပါတယ်။လူမှုကွန်ရက် အက်ပလီကေးရှင်းတွေ ၊ မက်ဆေ့ခ်ျအက်ပလီကေးရှင်းတွေနဲ့ Clean Master လို ဖုန်း clean အက်ပလီကေးရှင်းတွေက ဒီစာရင်းမှာ ဦးဆောင်လျက်ရှိနေခဲ့ပါတယ်။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)  
#technology.thithtoolwin.com

Ref : BGR



Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment