Powered by Blogger.

Samsung က မျက်ကြည်လွှာစကန်နာကို Galaxy Tab မှာ ထည့်သွင်းသွားဖွယ်ရှိ



Samsung ကတော့ Finger print ဆန်ဆာနဲ့တင် သိပ်ပြီးအားရပုံမပေါ်ပါဘူး။ မျက်ကြည်လွှာကိုပါ Scan လုပ်ဖို့ ပြင်ဆင်နေပါပြီ။ နောက်ပိုင်းထွက်ရှိလာမယ့် Samsung Galaxy Tab တွေမှာ မျက်ကြည်လွှာစကန်နာကို ထည့်သွင်းသွားဖို့ စီစဉ်လျက်ရှိတယ်လို့ သိရပါတယ်။

အိန္ဒိယ အစိုးရရဲ့တောင်းဆိုမှုကြောင့် ဒီအစီအစဉ်ကို Samsung က ပြုလုပ်ဖွယ်ရှိနေတာဖြစ်ပါတယ်။ အစိုးရဆိုင်ရာအချက်အလက်တွေရဲ့ လုံခြုံရေးကို မျက်ကြည်လွှာစကန်နဲ့ ကာကွယ်ထားနိုင်ဖို့ အိန္ဒိယက စီစဉ်နေတာဖြစ်ပြီး Samsung ကတော့ ဒီအရာကို လုပ်ဆောင်ဖို့ အတွက် ဇီဝဗေဒလိုအပ်ချက်ကို အိန္ဒိယကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းလုပ်ဆောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Samsung ဟာ ဒီလို မျက်ကြည်လွှာစကန်နာကိုတော့ သူတို့ရဲ့ Galaxy Tab မှာ ထည့်သွင်းသွားဖို့ စီစဉ်နေပြီး နောက်ဆုံးထွက်နည်းပညာတွေနဲ့တော့ တွဲဖက်သွားမှာမဟုတ်ဘူးလို့ သိရပါတယ်။ Galaxy Tab Iris ဆိုပြီး Samsung က ထုတ်လုပ်သွားမှာဖြစ်ပြီး ဒီတက်ဘလက်မှာ Android ဗားရှင်း 5.0 နဲ့ မျက်နှာပြင် အကျယ် ခုနစ်လက်မရှိနိုင်ပါတယ်။ 1.2 GHz quad-core ပရော်ဆက်ဆာကို အသုံးပြုသွားမှာဖြစ်ပြီး ဘက်ထရီအနေနဲ့တော့ 3,600 mAh ပမာဏအထိရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီတက်ဘလက်ကိုတော့ အရေအတွက် အကန့်အသတ်နဲ့သာ ရောင်းချသွားမှာဖြစ်ပြီး  အိန္ဒိယ အစိုးရက တောင်းဆိုထားတဲ့ နိုင်ငံသားတွေမှာသာ အကန့်အသတ်နဲ့ ကိုင်တွယ်နိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။



( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : The Verge
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

1 comments:

  1. Looks like Samsung galaxy tab has a lot to offer. Besides having a hardcore quad core it can be used in writing glorious essays project of students from different Universities.

    ReplyDelete