Powered by Blogger.

Samsung က Galaxy S7 Edge Injustice Edition အမည်ရ Batman Edition ဖုန်းထုတ်လုပ်



Samsung ကတော့ တော်တော်လေးကို အကွက်မြင်တယ်လို့ ဆိုရပါလိမ့်မယ်။ Batman ပရိသတ်တွေကတော့ ဒီဖုန်းကို မြင်ရင် လိုချင်နေမှာ အမှန်ပါပဲ။

Batman ရဲ့ ပုံရိပ်တွေက Samsung Galaxy S7 ဖုန်းတစ်ခုလုံးမှာ အသက်ဝင်နေမှာဖြစ်ပြီး ဒီဖုန်းကိုတော့ Galaxy S7 Edge Injustice Edition လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။ Warner Bros ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဒီဖုန်းကို ပူးပေါင်းထုတ်လုပ်ခဲ့တာဖြစ်ပြီး Injustice: God Among Us ဂိမ်းရဲ့ သုံးနှစ်ပြည့်အနေနဲ့ ဂုဏ်ပြုထုတ်လုပ်ထားတယ်လို့ သိရပါတယ်။



ဒီ Galaxy S7 Edge Injustice Edition ရဲ့ Package မှာ Samsung ရဲ့ Gear Headset ပါ တစ်ပါတည်းပါဝင်လာဖွယ်ရှိပြီး Batman အသုံးပြုလေ့ရှိတဲ့ လင်းနို့ပုံ ရွှေရောင် စကြာတစ်ခုကိုလည်း Gift သဘောထည့်သွင်းပေးထားတာကိုတွေ့ရပါတယ်။ Batman ရဲ့ ဝတ်စုံနဲ့ ပုံစံတူတဲ့ ဖုန်းကာဗာတစ်ခုလည်း ပါဝင်လာတာတွေ့ရပါတယ်။ Wallpaper ၊ Theme တွေက အစ Batman ပုံရိပ်တွေ ကြီးစိုးနေပြီး ဖုန်းရဲ့ နောက်ကျောမှာလည်း ရွှေရောင် Batman တံဆိပ်ကို ထည့်သွင်းထားပါတယ်။






Samsung ကတော့ ဒီဖုန်းတွေကိုတော့ အလုံးရေ အကန့်အသတ်နဲ့သာ ရောင်းချသွားဖွယ်ရှိပြီး တရုတ် ၊ စင်ကာပူ ၊ ကိုးရီးယား ၊ လက်တင်အမေရိကနဲ့ ရုရှားနိုင်ငံတို့မှာ ရရှိနိုင်မယ်လို့ သိရပါတယ်။

မကြာခင်မှာတော့ ရောင်းချသွားမယ့် နေရာတွေနဲ့ ဈေးနှုန်းအတိအကျကို ထုတ်ပြန်သွားဖွယ်ရှိနေပါတယ်။






( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : The Verge
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment