WhatsApp ကို Desktop မှာလည်း အသုံးပြုနိုင်တော့မည်
နာမည်ကျော် မက်ဆေ့ခ်ျအက်ပလီကေးရှင်းဖြစ်တဲ့ WhatsApp ကတော့ Desktop ဗားရှင်းကနေတစ်ဆင့်လည်း သူတို့ရဲ့ message တွေကို ကျယ်ပြန့်စေဖို့ ဆန္ဒရှိနေပါတယ်။ WhatsApp အက်ပလီကေးရှင်းဟာဆိုရင်တော့ ဖုန်းတွေမှာ ပထမဦးဆုံးစတင်ခဲ့ပြီး လူသုံးများလှတဲ့ messaging အက်ပလီကေးရှင်းတစ်ခုဖြစ်လာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာတော့ ဒီခုထက်ထိကို Viber အက်ပလီကေးရှင်းကိုသာ messaging အက်ပလီကေးရှင်းအဖြစ် အသုံးများနေဆဲဖြစ်ပါတယ်။
နောက်ဆုံးထွက်ရှိလာတဲ့ Screenshot တွေအရတော့ WhatsApp ဟာ ကွန်ပျူတာတွေမှာ အမှန်တကယ်အသုံးပြုလို့ရလာနိုင်ပြီး အလိုအလျောက် ဘာသာပြန်တဲ့ လုပ်ဆောင်ချက်စနစ်ကိုလည်း စမ်းသပ်လျက်ရှိနေတယ်လို့ သိရပါတယ်။ လောလောဆယ် စမ်းသပ်ဆဲကာလမှာတော့ WhatsApp ဟာ ကွန်ပျူတာတိုင်းမှာ အလုပ်မလုပ်သေးဘဲ ၊ ကွန်ပျူတာတိုင်းမှာ အလုပ်လုပ်နိုင်ဖို့အတွက် ဆက်လက်ပြင်ဆင်မှုတွေ ပြုလုပ်သွားရအုံးမှာဖြစ်တယ်လို့ သိရပါတယ်။
WhatsApp ကို အခုလို ကွန်ပျူတာမှာ အသုံးပြုလို့ရအောင် ပြုလုပ်လိုက်ရင်တော့ ရုံးသုံးသူတွေအတွက် မိုဘိုင်းဖုန်းမလိုအပ်တော့ဘဲ ကွန်ပျူတာကနေတိုက်ရိုက် မက်ဆေ့ခ်ျတွေ ပို့ဆောင်သွားနိုင်တော့မှာဖြစ်ပါတယ်။ PC ဗားရှင်းကို မိတ်မဆက်ခင်အချိန်တုန်းကတော့ WhatsApp ဟာ Desktop ဗားရှင်းမှာ Notification သာ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီလိုမျိုး WhatsApp ကို Desktop ဗားရှင်းအဖြစ် ကူးပြောင်းပေးလိုက်တာဟာ နာမည်ကျော် Skype နဲ့ လုပ်ငန်းသုံးအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Slack တို့အတွက်တော့ ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်လာတယ်လို့ သိရပါတယ်။
( Paing A K )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Independent
0 comments:
Post a Comment