RAM 4GB , သတ္တုကိုယ်ထည်နဲ့ ဈေးအလယ်အလတ်ရှိမယ့် Samsung C5
နောက်ဆုံးပေါက်ကြားလာခဲ့တဲ့ ဓာတ်ပုံတွေအရတော့ Samsung C5 ဟာ သတ္တုကိုယ်ထည်နဲ့ ထုတ်လုပ်လာနိုင်တယ်လို့ သိရပါတယ်။
ဖုန်းရဲ့ ဒီဇိုင်းပုံစံဟာဆိုရင်လည်း Apple ရဲ့ iPhone 6 နဲ့ HTC ရဲ့ A9 ဖုန်း နှစ်လုံးပေါင်းထုတ်လုပ်ထားတဲ့ ပုံစံဖြစ်လာနိုင်ပြီး အရင် Samsung ဖုန်း ဒီဇိုင်းတွေနဲ့ ကွဲထွက်နေတဲ့ အလားအလာမှာ ရှိနေနိုင်ပါတယ်။
ဒီဖုန်းကိုတော့ တရုတ်နိုင်ငံမှာ စတင်ဖြန့်ချိသွားမယ်လို့ သိရပြီး Specification တရုတ်နိုင်ငံဟာ ကောင်းကောင်းနဲ့ ဈေးနှုန်းအလယ်အလတ်ရှိတဲ့ ဖုန်းတွေရဲ့ ဈေးကွက်ကောင်းတစ်ခုဖြစ်တာကြောင့် ဒီဖုန်းရဲ့ တန်ဖိုးဟာ အလယ်အလတ်ဈေးနှုန်းလောက်ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြတာပါ။
မျက်နှာပြင်အကျယ် ၅.၂ လက်မမှာ ၊ 1080p Display နဲ့ Snapdragon 617 ပရော်ဆက်ဆာတွေ ပါဝင်လာမယ့် ဒီဖုန်းမှာ RAM အနေနဲ့လည်း 4GB အထိ ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် Spec အလန်းစားနဲ့ ဈေးအသင့်အတင့်ရှိမယ့် ဖုန်းချစ်သူတွေအနေနဲ့တော့ Samsung ရဲ့ လောလောဆယ်အထိ C5 လို့ နာမည်ပေးထားတဲ့ ဖုန်းကို စောင့်ကြည့်သင့်တယ်လို့ ထင်မြင်မိပါတယ်။
( Paing A K )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : The Verge
0 comments:
Post a Comment