Powered by Blogger.

Apple ရဲ့ Siri ကြောင့် ကလေးလေးရဲ့ အသက်ကို အချိန်မီကယ်ဆယ်နိုင်ခဲ့



တစ်နှစ်အရွယ်ရှိတဲ့ သမီးလေးဂီယာနာရဲ့ အသက်ကိုတော့ Apple ရဲ့ Siri ကျေးဇူးကြောင့် အချိန်မီကယ်ဆယ်နိုင်ခဲ့တယ်လို့ မိခင်တစ်ယောက်က ဖွင့်ဟလာခဲ့ပါတယ်။ သြစတေးလျနိုင်ငံက မိခင်ဟာ သမီးဖြစ်သူ ကျန်းမာရေး အရေးပေါ်အခြေအနေဖြစ်နေတဲ့အချိန်မှာ လူနာတင်ကားခေါ်ဖို့အတွက် ဖုန်းနံပါတ်ကို အသည်းအသန်လိုက်ရှာရပါတော့တယ်။

 ဖုန်းနံပါတ်ကလည်း အသင့်မရှိတာမို့ ဒုက္ခရောက်နေချိန်မှာ သူ့ရဲ့ iPhone မှာ ပါဝင်တဲ့ Siri ကို သတိရမိသွားပါတော့တယ်။

အဲ့ဒါကြောင့် ဖုန်းထဲက Siri ကို " Hey Siri , call an ambulance " ဆိုပြီး စတင် Activate ပြုလုပ်လိုက်ပါတယ်။

အရေးပေါ်အခြေအနေအတွင်းမှာမို့ သမီးလေးကို ပြုစုနေရပြီး ဘယ်နေရာရောက်နေမှန်းမသိတဲ့ ဖုန်းကို လှမ်းပြီး အော်ပြောလိုက်တာပါ။ မိခင်ဖြစ်သူ ဂလီဆင်က အရေးပေါ်လူနာတင်ကားခေါ်ပေးဖို့အတွက် Siri ကို ခိုင်းစေလိုက်ပြီး Siri က သူ့အလို အလျောက်ဖုန်းဆက် ၊ နေရာအတိအကျကို ပြောပြနိုင်ခဲ့တာကြောင့် မိနစ်ပိုင်းအတွင်းမှာပဲ လူနာတင်ကားက အိမ်ရှေ့အထိ ရောက်ရှိလာခဲ့ပါတယ်။

ဒါ့ကြောင့် Apple ရဲ့ Siri ကျေးဇူးနဲ့ သမီးလေးရဲ့ အသက်ကို အချိန်မီကယ်ဆယ်နိုင်ခဲ့ပြီး ၊ AI တစ်ခုဟာ ဘယ်လောက်အထိ လုပ်ဆောင်နိုင်စွမ်းတွေ ရှိနေပြီဆိုတာကိုလည်း သက်သေပြသသွားခဲ့ပါတယ်။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : CNet
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment