Powered by Blogger.

Dota 2 ရဲ့ တံဆိပ်နဲ့ တူနေလို့ ဝေဖန်ခံနေရတဲ့ Apple News လိုဂိုဒီဇိုင်းသစ်


Apple ကနေ နောက်ဆုံးထွက်ရှိလာတဲ့ iOS 10 မှာ News ရဲ့ ဒီဇိုင်းပိုင်းကိုလည်း အတော်လေး ပြင်ဆင်လာခဲ့ပါတယ်။ ဒီလို ပြင်ဆင်လာမှုမှာ News ရဲ့လိုဂို ဒီဇိုင်းကိုပါပြောင်းလဲခဲ့ပါတယ်။

 ဒါပေမယ့်လည်း Apple news ရဲ့ လိုဂိုဒီဇိုင်းသစ်ဟာ အခုခေတ်လူငယ်တွေ အများဆုံး ကစားနေတဲ့
Dota 2 ရဲ့ လိုဂိုဒီဇိုင်းနဲ့ပါ အတော်လေး ဆင်ဆင်တူနေတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ဒီဇိုင်းဆွဲခဲ့တဲ့ အပေါ်မှာ ဝေဖန်မှုတွေရှိနေခဲ့တာပါ။

Dota 2 ကို လစဉ်ကစားနေတဲ့ Active user ပေါင်း ၁၂ သန်းရှိနေပြီး Game Tournament ပြိုင်ပွဲတွေကိုလည်း နိုင်ငံတကာမှာ ကျင်းပလျက်ရှိနေပါတယ်။ ဆုကြေးတွေကလည်း ဒေါ်လာ သန်းချီအထိရှိနေတာကြောင့် Dota 2 ရဲ့ လွှမ်းမိုးမှုကို Apple က မသိမသာ အသုံးပြုလိုက်တယ်လို့
ဝေဖန်နေကြတာပါ။

အနီရောင်အောက်ခံပေါ်မှာ အလယ်က အဖြူရောင် ဆဌဂံအချောင်းတစ်ချောင်းနဲ့ အဖြူတြိဂံနှစ်ခုကို Apple News ရဲ့ လိုဂိုအဖြစ် အသုံးပြုထားပြီး  အနီအောက်ခံမှာ အမည်းရောင်ဖြစ်နေတဲ့ Dota 2 ရဲ့ လိုဂိုနဲ့ တော်တော်ဆင်တူနေတာဖြစ်ပါတယ်။ ဒါ့ကြောင့် တကယ်ပဲ Apple က ခိုးယူထားသလား ဆိုတာကတော့ မသိရသေးပါဘူး။


( Beauty Syh )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : The Verge

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment