Powered by Blogger.

iPhone 7 ကို အာကာသမီးခိုးရောင်အစား နက်ပြာရောင်နဲ့ အစားထိုးထုတ်လုပ်ဖွယ်ရှိ


Apple ကတော့ သူတို့ရဲ့ နောက်ဆုံးထွက်ရှိလာမယ့် iPhone 7 မှာ အာကာသ မီးခိုးရောင်အစား နက်ပြာရောင်ကို ထည့်သွင်းသွားဖွယ်ရှိတယ်လို့ Apple အကြောင်းကို စဉ်ဆက်မပြတ်စောင့်ကြည့်နေတဲ့ ဂျပန်သတင်းဋ္ဌာနတစ်ခုက ဖော်ပြခဲ့ပါတယ်။ iPhone 7 မှာဆိုရင်တော့ ငွေရောင် ၊ ရွှေရောင် ၊ နှင်းဆီရောင်နဲ့ နက်ပြာရောင်ဆိုပြီး အရောင်လေးခုနဲ့ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။

iPhone အသုံးပြုသူတွေကြားမှာ အာကာသမီးခိုးရောင်ဟာ လူကြိုက်နည်းတာကြောင့် Apple က ဖယ်ရှားဖို့ စီစဉ်လိုက်တာဖြစ်ပြီး နောက်ပိုင်း iPhone တွေမှာတော့ နက်ပြာရောင်ကို တွေ့မြင်ရဖွယ်ရှိနေပါတယ်။ ဒီဂျပန်ဝက်ဘ်ဆိုက်ကတော့ iPhone 7 မှာ OLED display ပါဝင်လာနိုင်ဖွယ်မရှိသေးဘဲနဲ့ LED Display သာ ပါဝင်လာဖွယ်ရှိနေပါတယ်။

အာကာသမီးခိုးရောင်ကိုတော့ iPhone 5S ကို ထုတ်လုပ်စဉ်က စတင်အသုံးပြုခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ငွေရောင် ၊ ရွှေရောင်နဲ့ နှင်းဆီရွှေရောင်ဆိုပြီး နောက်ပိုင်းမှာ အရောင်တွေ ပိုတိုးလာခဲ့တာပါ။

နောက်ထွက်မယ့် iPhone 7 အတွက်တော့ ကောလဟလတွေ အမျိုးမျိုးထွက်ပေါ်လျက်ရှိနေပြီး headphone jack ကို ဖယ်ရှားသွားမယ် ၊ မျက်နှာပြင်ပြည့် display ပါလာမယ် ၊ Home ခလုပ်ကို ဖြုတ်ပစ်မယ် အစရှိသဖြင့် ခန့်မှန်းနေကြပါတယ်။ ကင်မရာပိုင်းမှာတော့ Lens နှစ်ခုနဲ့ ကင်မရာပါလာမယ်လို့ခန့်မှန်းနေကြပြီး RAM 3GB နဲ့ storage 256GB အထိ ပါဝင်လာမယ် အစရှိသဖြင့် သတင်းတွေအမျိုးမျိုး
ထွက်ပေါ်နေကြတာပါ။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : AppleInsider

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment