Powered by Blogger.

Google က စွမ်းဆောင်ရည်မြင့် လူသားစက်ရုပ်တီထွင်ဖို့ ပြင်ဆင်နေ


နည်းပညာနာမည်ကျော် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Google ကတော့ စွမ်းဆောင်ရည်မြင့် လူသားပုံစံစက်ရုပ်တစ်မျိုးကို ထုတ်လုပ်ဖို့ ပြင်ဆင်လျက်ရှိနေတယ်လို့ သိရပါတယ်။ Terminator ဇာတ်ကားထဲက စက်ရုပ်လိုမျိုး စွမ်းဆောင်ရည်မြင့်မားတဲ့ စက်ရုပ်ပရောဂျက်ကို Google က ကြံရွယ်နေတာဖြစ်ပြီး လူသားတွေနဲ့ တစ်ထေရာတည်းတူနိုင်ဖို့အတွက် အဆင့်မြင့် ဆီလီကွန်နည်းပညာတစ်ခုကို အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီစက်ရုပ်ကိုတော့ Google ရဲ့ Deep Mind အဖွဲ့(AI ပရိုဂရမ်ရေးဆွဲသောအဖွဲ့) ကပဲ တာဝန်ယူတည်ဆောက်သွားမှာဖြစ်ပြီး လူသားတွေရဲ့ လူနေမှုစရိုက်ကို သတ္တုစက်ရုပ်တစ်ခုနဲ့ အစားထိုးရင် အမှားတွေ့နိုင်တယ်လို့ ဝေဖန်နေကြပါတယ်။ လောလောဆယ်မှာတော့ စက်ရုပ်အတွက် ပြဿနာဖြေရှင်းနည်းတွေကို Google ရဲ့ အကြမ်းဖျင်းအတွေ့အကြုံနဲ့ အချက်အလက်တွေကနေ ထုတ်လုပ်ဖို့ စီစဉ်နေပြီး လူသားတွေရဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းပေးရမယ်ဆိုတာတွေကို စဉ်ဆက်မပြတ်သင်ယူသွားနိုင်မယ့် အလားအလာမှာရှိနေပါတယ်။

တီထွင်လေ့လာသူတွေကတော့ ဒီစက်ရုပ်ကို လူသားစိတ်ကြိုက်ထိန်းလို့ရနိုင်မှာဖြစ်ပြီး လူသားတွေတွေ့ကြုံနေရတဲ့ ပြဿနာတွေကို ဘယ်လိုမျိုးနည်းလမ်းတွေနဲ့ ဖြေရှင်းပေးရမယ်ဆိုတာ သိရှိတဲ့ အဆင့်မြင့်စက်ရုပ်ဖြစ်လာမှာပါလို့ ဆိုပါတယ်။

( Beauty Syh )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment