Powered by Blogger.

Facebook က ပါရင်းစွဲ Message Box ကို ဖယ်ရှားပြီး Messenger နှင့် အစားထိုးသွားမည်


Facebook ကတော့ သူတို့ရဲ့ ကိုယ်ပိုင် အက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ Messenger app ကို ဒီထက်ပိုပြီး လူသုံးများအောင် ပြုလုပ်လျက်ရှိနေပါတယ်။ Facebook ရဲ့ မူလအက်ပလီကေးရှင်းမှာ ပါရင်းစွဲ Message box ကို မကြာခင်အတွင်းမှာ ဖြုတ်ပစ်သွားမယ်လို့ သိရပြီး Messenger အက်ပလီကေးရှင်းကို အစားထိုးသွားတော့မယ်လို့ သိရပါတယ်။ ဒါကတော့ Facebook ရဲ့ ကွက်ကျော် ခြေလှမ်းတစ်ရပ်ဖြစ်ပြီး FB အသုံးပြုသူတိုင်း Messenger သုံးရတော့မယ့် ပုံစံဖြစ်သွားခဲ့တာပါ။

င်္Facebook ရဲ့ မူလ အက်ပလီကေးရှင်းနဲ့ မိုဘိုင်းလ်ဝက်ဘ်တွေမှာ ဒီ Message box ကို ဖယ်ရှားသွားမှာဖြစ်ပြီး Desktop မှာတော့ ဖယ်ရှားခြင်းပြုလုပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ မကြာခင်က သုံးစွဲသူ သန်း ၉၀၀ ပြည့်မြောက်ခဲ့တဲ့ Messenger အက်ပလီကေးရှင်းကို မကြာခင်မှာ သုံးစွဲသူ ၁.၆၅ ဘီလျံရှိတဲ့ ပင်မ Facebook အက်ပလီကေးရှင်းကို လိုက်မှီဖို့ ဇူကာဘတ်က အကြံထုတ်လိုက်တာဖြစ်ပါလိမ့်မယ်။

ဒါ့ကြောင့် နည်းပညာအင်အားကြီး Facebook ကုမ္ပဏီရဲ့ တီထွင်မှုတွေက ပိုမိုတိုးတက်လာပြီး FB ဟာ  သူတို့ရဲ့ ကိုယ်ပိုင် AI ပရိုဂရမ်တစ်ခုကိုလည်း အသုံးပြုသူတွေအတွက် စီစဉ်လျက်ရှိနေတယ်လို့ သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment