Powered by Blogger.

Android ဖုန်းတွေအတွက်လည်း တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Prisma


iOS ဗားရှင်းမှာ စထွက်တည်းက ရုတ်ရုတ်သဲသဲဖြစ်ပြီး လူအများကို အကောင်းဆုံးဆွဲဆောင်နိုင်ခဲ့တဲ့ ဓာတ်ပုံတွေကို နာမည်ကျော်ပန်းချီကားတွေရဲ့ ပုံစံပြန်လည် ပြင်ဆင်ပေးတဲ့ Prisma အက်ပလီကေးရှင်းကတော့ Android သမားတွေအတွက်လည်း ထွက်ရှိလာပါပြီ။

Google Play Store မှာ တရားဝင်မိတ်ဆက်ခဲ့တာဖြစ်ပြီး Android သမားတွေမှာ ဒီဗားရှင်းမတိုင်ခင် ပြန့်နှံ့ခဲ့တဲ့  Prisma ကတော့ Beta ဗားရှင်းဖြစ်ပါတယ်။

Filter တွေအရမ်းကောင်းတာကြောင့် ဒီအက်ပလီကေးရှင်းကို လိုချင်တဲ့သူ များပြားခဲ့ပြီး မြန်မာနိုင်ငံမှာတော့ နှစ်ပုံကို ဖုန်းဘေလ်တစ်ထောင်နဲ့ ပြုလုပ်ပေးတဲ့ Prisma ဓာတ်ပုံဝန်ဆောင်မှုဆိုတဲ့ ခါတော်မှီ page တောင် ပေါ်ပေါက်လာခဲ့ပါသေးတယ်။

ပြောနေတာကြာပါတယ်။ အခုပဲ Google Play Store မှာ Prisma ရဲ့ တရားဝင်အက်ပလီကေးရှင်းကို သွားပြီး ဒေါင်းလုဒ်ရယူလိုက်ပါ။ ဒေါင်းလုဒ်ရယူချင်ရင်တော့ အောက်ကလင့်ကို နှိပ်ပြီး Play Store မှာ တရားဝင် ဒေါင်းလုပ် ပြုလုပ်နိုင်ပါတယ်။

https://play.google.com/store/apps/details?id=com.neuralprisma

( Beauty Syh )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Android

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment