Powered by Blogger.

ဂျပန်ကုမ္မဏီတစ်ခုက နွေရာသီအပူဒဏ်ကို အံတုနိုင်ဖို့ ညှပ်ပန်ကာကိုမိတ်ဆက်


နွေရာသီအပူဒဏ်ကြောင့် ချွေးထွက်တာကို တားဆီးနိုင်ဖို့ ချိုင်းညှပ်ပန်ကာအသစ်ကို ဂျပန်ကုမ္ပဏီက တီထွင်ထုတ်လုပ်ခဲ့ပါတယ်။

Thanko ဆိုတဲ့ ဂျပန်ကုမ္ပဏီက ခလုတ်အဖွင့်အပိတ်ပါတဲ့ ချိုင်းအေးပန်ကာတစ်မျိုးကို တီထွင်ခဲ့တာဖြစ်ပြီး အ၀တ်အစားနဲ့ ခန္ဓာကိုယ်အကြား အေးမြနေစေမှာ ဖြစ်ပါတယ်။

ပန်ကာလေးကို အသုံးပြုသူရဲ့ အင်္ကျီလက်မှာ ကလစ်နဲ့ညှပ်ပြီး အအေးနှုန်း ၃ ခုအထိ ပြောင်းလဲချိန်ညှိနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှည်အင်္ကျီတွေမှာဆိုရင်တော့ လည်ပင်းပေါက်မှာ ကလစ်ညှပ်ပြီးဖြစ်စေ၊ ဘောင်းဘီရဲ့ ခါးနေရာမှာဖြစ်စေ တပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အေသုံးလုံး ဓါတ်ခဲ၂လုံးထည့်ပြီး ၅နာရီမှ ၉ နာရီကြာအသုံးပြုနိုင်သလို USB ကြိုးနဲ့ချိန်ပြီး ကွန်ပြူတာကတစ်ဆင့်လည်း အားသွင်းအပြုနိုင်တယ်ပါတယ်။

ပန်ကန် ၂ခုကို တစ်စုံနှုန်းနဲ့ Thanko ၀က်ဘ်ဆိုဒ်မှာ ဂျပန်ယန်း ၃၈၀၀ ( ၃၅ ဒေါ်လာ ) ရောင်းချပေးနေပါသတဲ့။

( Michelle )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : UPI
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment