Powered by Blogger.

မျက်နှာပြင်အကျယ် တစ်ပေကျော်မယ့် iPad Pro 2 ရဲ့ဓာတ်ပုံတွေ ပေါက်ကြားလာ


Apple ရဲ့နောက်ပိုင်းထွက်ရှိလာမယ့် ပစ္စည်းတွေရဲ့ သတင်းတွေကို တိတိကျကျခန့်မှန်းပေးနေတဲ့ ဘလော့ဂ်ဆိုက်တစ်ခုဟာ နောက်ထပ်ထွက်ရှိလာမယ့် iPad Pro 2 ရဲ့ ဓာတ်ပုံတွေကို ဖော်ထုတ်လိုက်ပြန်ပါပြီ။

ဒီ iPad Pro အသစ်ကိုတော့ စက်တင်ဘာလအတွင်းမှာ ထုတ်ဖော်ကြေညာသွားဖွယ်ရှိနေပြီး Tablet တစ်လုံးထက်ပိုတဲ့ လုပ်ဆောက်ချက်တွေ ၊ ကြီးမားလှတဲ့ တစ်ပေကျော်ကျယ်ဝန်းတဲ့ မျက်နှာပြင်တွေပါဝင်လာမှာဖြစ်တယ်လို့ သတင်းတွေထွက်ရှိနေပါတယ်။

ဒီ iPad Pro 2 မှာတော့ iOS 10 ကို တရားဝင်အသုံးပြုသွားမှာဖြစ်ပြီး storage အနေနဲ့ 12GB ကိုသာ ထည့်သွင်းသွားမှာဖြစ်တယ်လို့လည်း သတင်းတွေ ထွက်လာပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်းကတော့ iPad ရောင်းအားဟာ သိသိသာသာကျဆင်းသွားခဲ့ပြီး မျက်နှာပြင်ကျယ်ဖုန်းတွေထွက်ရှိလာတာရယ် ၊ နည်းပညာအသစ်တွေကို ထည့်သွင်းအသုံးပြုနိုင်ခြင်းမရှိတာတွေကြောင့်ဖြစ်ပါတယ်။

၁၂.၉ လက်မအကျယ်မျက်နှာပြင်နဲ့အတူ ဖြုတ်နိုင်တပ်နိုင်တဲ့ ကီးဘုတ် ၊ ဆယ်နာရီကြာအထိ အသုံးခံတဲ့ ဘက်ထရီအပြင် Apple Pencil တွေလည်း ဒီ iPad Pro 2 မှာပါဝင်လာမယ်လို့ သိရပါတယ်။
ဒါ့အပြင် အရင် iPad Pro မှာ ပါဝင်ခဲ့တဲ့ truetone နည်းပညာကိုလည်း ဒီမှာ ဆက်လက်ထည့်သွင်းထားတယ်လို့လည်း ရေးသားထားခဲ့ပါသေးတယ်။

( Beauty Syh )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : BGR

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment