Powered by Blogger.

Xiaomi ရဲ့စွမ်းဆောင်ရည်မြင့် ကျောဘက်ကင်မရာနှစ်လုံးပါတန်ဖိုးသင့် Redmi Pro ဖုန်းထွက်ရှိ



Xiaomi ကတော့ ဈေးသက်သာပြီး စွမ်းဆောင်ရည်ကောင်းတဲ့ဖုန်းတွေကို ထုတ်လုပ်တာကြောင့် နာမည်ရှိတဲ့ brand တစ်ခုဖြစ်ပါတယ်။ အခုဆိုရင်တော့ Xiaomi ရဲ့ တန်ဖိုးသင့်ဖုန်းစီးရီးဖြစ်တဲ့ Redmi စီးရီးထဲက Xiaomi Redmi Pro ဖုန်းကတော့ တရားဝင်ထွက်ရှိလာပါပြီ။ ဘေဂျင်းမြို့မှာ တရားဝင်မိတ်ဆက်ခဲ့တာဖြစ်ပြီး Xiaomi ဟာ Redmi Pro ဖုန်းအပြင် နောက်ထပ်စွမ်းဆောင်ရည်ကောင်း လက်ပ်တော့တစ်ခုဖြစ်တဲ့ Xiaomi Mi Notebook Air ကိုပါ တစ်ပါတည်း မိတ်ဆက်သွားခဲ့တာကို တွေ့ရပါတယ်။

Xiaomi Redmi Pro ဖုန်းဟာဆိုရင်တော့ ကိုယ်ထည်တစ်ခုလုံးကို အစင်းပုံစံဖြစ်နေတဲ့စတိုင်လ် သတ္တုကိုယ်ထည်နဲ့ ပြုလုပ်ထားပြီး မျက်နှာပြင်ဖန်သားကိုတော့ 2.5D glass နဲ့ ဖုံးအုပ်ထားပါတယ်။ ၅.၅ လက်မအကျယ်ရှိတဲ့ မျက်နှာပြင်မှာ full HD OLED display ကို အသုံးပြုထားပြီး ကိုင်ရတွယ်ရအတော်လေးနူးညံ့တဲ့ အနေအထားမှာရှိပါတယ်။


လက်ဗွေဆန်ဆာကိုတော့ Xiaomi Mi 5 ဖုန်းလိုပဲ Home ခလုတ်မှာ ထည့်သွင်းထားပြီး အပေါ်အောက် ကျောဘက်ကင်မရာ နှစ်လုံးကြောင့် အခုလို နေရာရွှေ့လိုက်တာဖြစ်နိုင်ပါတယ်။ ဈေးသင့်တဲ့ ဒီဖုန်းမှာ ကျောဘက်ကင်မရာ နှစ်လုံးတွဲပါဝင်လာတာကတော့ ထူးခြားတဲ့ စွမ်းဆောင်ရည်တစ်ခုဖြစ်လာနိုင်ပါတယ်။

အဓိက ကင်မရာကတော့ 13MP ဆန်ဆာပါဝင်ပြီး နောက်ထပ်အကူကင်မရာကတော့ 5MP ပါရှိပါတယ်။ ဒီဖုန်းကင်မရာကို အသုံးပြုခြင်းအားဖြင့် DSLR ရဲ့ bokeh effect လိုမျိုးစွမ်းဆောင်ရည်ကို မျက်ဝါးထင်ထင်မြင်ရမယ်လို့ Xiaomi က ကြေညာထားခဲ့ပါတယ်။ Redmi Pro ဖုန်းဟာ မော်ဒယ်လ်သုံးမျိုးနဲ့ ဝင်ရောက်လာခဲ့တာဖြစ်ပြီး RAM 3GB ကို storage 32GB, 64GB နဲ့ 128GB ဆိုပြီးထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ RAM 4GB နဲ့လည်း ရနိုင်မယ်လို့ Xiaomi က ဆိုပါတယ်။

ပရော်ဆက်ဆာကတော့ storage 64GB နဲ့ 128GB ဗားရှင်းမှာ Mediatek Helio X25 64-bit deca-core ပရော်ဆက်ဆာကို အသုံးပြုထားပြီး 32GB ဗားရှင်းမှာတော့ Mediatek Helio X20 64-bit deca-core ပရော်ဆက်ဆာကို အသုံးပြုထားတယ်လို့ သိရပါတယ်။ USB Type-C နဲ့ ဘက်ထရီပမာဏကတော့ 4050 mAh ဘက်ထရီတို့လည်း ပါဝင်ပြီး Android 6.0.1 Marshmallow ဗားရှင်းမှာ MIUI 8 OS ကို အသုံးပြုထားတာဖြစ်ပါတယ်။


ဖုန်းရဲ့ ဈေးနှုန်းအနေနဲ့တော့ 32GB ဗားရှင်းအတွက် ၂၂၅ ဒေါ်လာ ၊ 64GBအတွက်တော့ ၂၅၅ဒေါ်လာနဲ့ 128GB ဗားရှင်းတွေအတွက် ဒေါ်လာ ၃၀၀ ဆိုပြီး မော်ဒယ်လ်အလိုက် သတ်မှတ်ထားပါတယ်။

( Beauty Syh )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Android Authority


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment