Powered by Blogger.

Pokemon Go ဂိမ်းကို ဂျပန်နိုင်ငံတွင်ထုတ်လုပ်


 ဂျပန်နည်းပညာကုမ္ပဏီ Nintendo ရဲ့ Pokemon Go ဂိမ်းကို ဂျပန်နိုင်ငံမှာ စတင်ထုတ်လုပ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီဂိမ်းကို ဒီနေ့မှာ စတင်ရရှိနိုင်မှာဖြစ်ပြီး အရောင်စုံတဲ့ ကာတွန်းဇာတ်ကောင်လေးတွေနဲ့ စတင်ကစားနိုင်ပြီဖြစ်ပါတယ်။

ဒီဂိမ်းကို အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေမှာ ဇူလိုင်လ ၆ရက်နေ့တုန်းက စတင်ကြေငြာခဲ့ပြီးနောက်ပိုင်းမှာ ယခုအခါနိုင်ငံသုံးဆယ်ကျော်မှာ ရရှိဆော့ကစာနိုင်နေပြီဖြစ်ပါတယ်။ ဂျပန်နိုင်ငံအတွက် Pokemon Go ရဲ့ စပွန်ဆာကိုတော့ McDonald နဲ့ ရရှိခဲ့တာဖြစ်ပါတယ်။

ဒီအသင့်စားစားသုံးကုန်လုပ်ငန်းအနေနဲ့ သူတို့ရဲ့ဆိုင်တွေမှာ Pokemon ကောင်လေးတွေကို လေ့ကျင့်ခန်းပေးဖို့ Battle လုပ်ဖို့အတွက် ရရှိနိုင်မှာပါ။ ဒီဂိမ်းကို ဒီနေ့ကစတင်ပြီးတော့ ဂျပန်နိုင်ငံမှာ စတင်ဆော့ကစားလို့ ရပြီဖြစ်တယ်လို့ ဆိုပါတယ်။

Pokemon Go ဂိမ်းဟာ စတင်ထုတ်လုပ်ကတည်းကရင်း အောင်မြင်မှုတွေ များစွာရယူထားတဲ့ ဂိမ်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုမှာ ဒီဂိမ်းအတွက်အချိန်ပေးတဲ့ ပမာဏဟာ Facebook, Twitter တို့လို လူမှုကွန်ယက်တွေထက် ပိုမိုများပြားတယ်လို့ ဆိုပါတယ်။ အဲ့ဒီအပြင် Pokemon Go ဂိမ်းဟာ Candy Crush ဂိမ်းကို ကျော်တက်ပြီး ကမ္ဘာ့အကြီးမားဆုံးဂိမ်းတစ်ခုအဖြစ် စံချိန်မှတ်တမ်းကိုလည်း ရရှိထားခဲ့ပါတယ်။



( Beauty Syh )



#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: BBC

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment