Powered by Blogger.

တရုတ်နိုင်ငံရဲ့ ပထမဆုံး ယာဉ်ကြောပိတ်ဆို့မှုဖြေရှင်းရေး ဘတ်စ်ကားကြီး စမ်းသပ်မောင်းနှင်


တရုတ်နိုင်ငံရဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကို ဖြေရှင်းဖို့ တည်ထွင်ထုတ်လုပ်ထားတဲ့ ဘတ်စ်ကားကြီးကို ဆိပ်ကမ်းမြို့ဖြစ်တဲ့ Qinhuangdao လမ်းမကြီးတစ်ခုပေါ်မှာ စတင်စမ်းသပ် မောင်းနှင်ခဲ့ကြပါတယ်။

ခရီးသည်ပေါင်း ၃၀၀ ဆန့်ပြီး ၇၂ ပေ အရှည်ရှိတဲ့ ဒီဘတ်စ်ကားကြီးရဲ့ ၀မ်းဗိုက်အောက်ကနေလည်း ကားနှစ်စီးစာ ဖြတ်သန်းသွားလာလို့ရပြီး လျှပ်စစ်စွမ်းအင်သုံးဒီကားကြီးကို အင်္ဂါနေ့က Qinhuangdao လမ်းမကြီးတစ်ခုပေါ်မှာ စမ်းသပ် မောင်းနှင်ခဲ့ပြီးဖြစ်ပါသတဲ့။


ဒီအများပြည်သူသုံး သွားလာရေးယာဉ်ကြီးကို ယာဉ်ကြောပိတ်ဆို့မှု ပြဿနာတွေကို လျှော့ချပေးဖို့ ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတာဖြစ်ပြီး စီးနှင်လိုက်ပါမယ့် ခရီးသည်တွေ ကားပေါ်တက်ဖို့ ဓါတ်လှေကားလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဒီဘတ်စ်ကားကြီးကို တီထွင်ထုတ်လုပ်ခဲ့တဲ့ Tebtech ကုမ္ပဏီက ဒီလိုဘတ်စ်ကားကြီးတွေကို Brazil, France, India နဲ့ Indonesia နိုင်ငံတွေအတွက်လည်း ထုတ်လုပ်ပေးဖို့ စိတ်ဝင်စားတယ်လို့ ဆိုထားပါတယ်။

( Michelle )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment