Powered by Blogger.

Pokemon မုဆိုးတွေ ဘန်ကောက်မြို့ရဲ့ လမ်းတွေမှာ ပျံ့နှံ့လာ



မိုဘိုင်းလ်ဂိမ်း App တစ်ခုဖြစ်တဲ့ Pokemon Go ဂိမ်းကို ဆော့ကစားနိုင်တဲ့ နိုင်ငံတွေအဖြစ် အရှေ့တောင်အာရှနိုင်ငံ ၁၅နိုင်ငံကို ပြီးခဲ့တဲ့ စနေနေ့က ထပ်မံဖွင့်လှစ်ပေးလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ထုတ်လုပ်တာ တစ်လသာကြာမြှင့်ခဲ့ပြီးနောက်မှာ ဂိမ်းဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ရရှိလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စစထွက်တဲ့အချိန်မှာပဲ ဂိမ်းကစားတဲ့ သူတွေဟာ အားလုံးရုတ်ရုတ်သဲ့သဲ့ ဖြစ်နေကြပါတယ်။

ထိုင်းနိုင်ငံမှာတော့ Pokemon ပရိတ်သတ်တွေဟာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် များပြားနေပြီး စတင်ရရှိတဲ့ စနေနေ့မှာတင် ဆော့ကစားသူတွေ များစွာရှိနေခဲ့ပါတယ်။ “ဒါဟာ မမျှော်လင့်ထားပဲထွက်လာတာပါ။ ကျွန်တော်က စက်တင်ဘာလောက်မှ ထွက်မယ်ထင်တာ” လို့ အသက်၁၇နှစ်အရွယ် ဘန်ကောက်သားတစ်ဦးက ဆိုပါတယ်။

အဲ့ဒီအပြင်ဟောင်ကောင်နိုင်ငံနဲ့ တခြားနိုင်ငံတွေမှာလဲ ဆော့ကစားနေကြပြီဖြစ်ပြီး တရုတ်နဲ့ အိန္ဓိယတို့မှာတော့ ရရှိခြင်းမရှိသေးပါဘူး။ ဒီလိုခေတ်စားနေတာကြောင့် အဖမ်းခံနေရတဲ့ ပိုကီမွန်တွေအစား ပြန်လည်လက်စားချေတဲ့အနေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဆွစ်ဇာလန်နိုင်ငံမှာ အဖွဲ့တစ်ဖွဲ့ဟာ Pokeball ကြီးတွေနဲ့ လိုက်ပေါက်ခဲ့ကြပါသေးတယ်။

( Beauty Syh )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com


Ref: RFA

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment