Powered by Blogger.

ဂြိုဟ်တုကို လွှတ်တင်ပြီးနောက် Falcon 9 ဒုံးပျံ မြေပြင်သို့ ခြောက်ကြိမ်မြောက်အဖြစ်ပြန်လည် ဆင်းသက်


အာကာသခရီးသွားကုမ္ပဏီ SpaceX ဟာ သူတို့ရဲ့ Falcon 9 ဒုံးပျံကို ခြောက်ကြိမ်မြောက်အဖြစ် လွှတ်တင်ပြီး ပစိဖိတ်သမုဒ္ဒရာရဲ့ သင်္ဘောပေါ်ကို အောင်အောင်မြင်မြင် ပြန်လည်ဆင်းသက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ Cape Canaveral ဒုံးလွှတ်စင်ကနေ ဂျပန်ဆက်သွယ်ရေး ဂြိုဟ်တု JCSAT 16 ကို ဂြိုဟ်ပတ်လမ်းကြောင်းထဲ လွှတ်တင်ခဲ့တာဖြစ်ပြီး ကမ္ဘာ့မြေပြင်အထက် မိုင်ပေါင်း ၂၀,၀၀၀ ကနေ လှည့်ပတ်လျက်ရှိနေတယ်လို့ သိရပါတယ်။


Falcon 9 ဟာ SpaceX ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ အဆင့်နှစ်ဆင့်ပါ ဒုံးပျံဖြစ်ပြီး အင်ဂျင်ကိုးလုံး ပါဝင်ပါတယ်။ အလေးချိန်အနေနဲ့ ၂၂,၈၀၀ ကီလိုဂရမ် (၂၃တန်နီးပါး) ကိုတင်ဆောင် လွှတ်တင်နိုင်တယ်လို့ သိရပါတယ်။

( Beauty Syh )

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: Digital Trands

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment