Powered by Blogger.

လက်ရှိလျှပ်စစ်ကားတွေဟာ ယာဉ်မောင်းသူအားလုံးရဲ့ ၈၇ရာခိုင်နှုန်းနဲ့ အဆင်ပြေကိုက်ညီ


တကယ်လို့သင့်အနေနဲ့ လျှပ်စစ်ကားတွေအတွက်စိုးရိမ်မှုရှိနေတယ်ဆိုရင် အခုတော့ ထပ်ပြီး ပူပန်ဖို့မရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ လက်ရှိထုတ်လုပ်ထားတဲ့ လျှပ်စစ်ကားတွေဟာ ဒရိုက်ဘာတွေအားလုံးရဲ့ ၈၇ရာခိုင်နှုန်းနဲ့ အဆင်ပြေကိုက်ညီမှုရှိတယ်လို့ သိရပါတယ်။

လေ့လာချက်တွေအရ ဒီကားတွေဟာ လာမယ့် ၂၀၂၀ခုနှစ်မှာ ယာဉ်မောင်းသ အားလုံးရဲ့ ၉၈ရာခိုင်နှုန်းနဲ့ ကိုက်ညီမှုရှိလာတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဒေါ်လာ ၂၉၀၀၀တန် Nissan Leaf ကားဟာ တစ်ခါအားသွင်းထားရုံနဲ့ ၇၄မိုင်အထိ မောင်းနှင်နိုင်မှာဖြစ်ပြီး Tesla ရဲ့ Model X ကားကတော့ တစ်ခါအားသွင်းထားရုံနဲ့ မိုင် ၂၀၀အထိ သွားနိုင်မှာ ဖြစ်ပါတယ်။

လျှပ်စစ်ကားတွေကို အမေရိကန်ပြည်ထောင်စုမှာ သာမန်ဆီသုံးကားတွေရဲ့နေရာမှာ ၈၈ရာခိုင်နှုန်းအထိ အစားထိုးနိုင်ဖို့အတွက် မျှော်မှန်းထားကြတာဖြစ်ပါတယ်။

( Beauty Syh )

သစ်ထူးလွင် (နည်းပညာ)
#technology.thithtoolwin.com

Ref: The Next Web

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment