Powered by Blogger.

၂၀၁၇ ခုနှစ်အတွင်းမှာ Windows 10 အတွက် Update နှစ်ခုကို Microsoft ဖြန့်ချိမည်


Microsoft ကတော့ Windows 10 အတွက် Anniversary Update ကို ဖြန့်ချိပြီးတဲ့နောက်မှာ လာမယ့် ၂၀၁၇ ခုနှစ်မှာလည်း Update နှစ်ခုကို ထပ်မံပြီး ဖြန့်ချိသွားအုံးမှာဖြစ်တယ်လို့ သိရပါတယ်။

Microsoft ဟာ ဆိုရင်တော့ Windows 10 အတွက် Update နှစ်ခုကို နှစ်တိုင်းမှာထုတ်ပေးသွားဖို့ စီစဉ်ထားတယ်လို့ သိရပြီး Windows 8 တွေအတွက်လည်း အကန့်အသတ်ရှိတဲ့ Update ကို ထုတ်လုပ်ပေးသွားဖို့ စီမံထားတယ်လို့ သိရပါတယ်။

Windows Central ရဲ့ ပြောကြားချက်အရတော့ Windows 10 ရဲ့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိလာမယ့် ပထမဆုံး Update ကိုတော့ “Redstone2” လို့ အမည်ပေးထားပြီး နောက်ထပ် Update ကိုတော့ “Redstone 3” လို့ အမည်ပေးထားတယ်လို့ သိရပါတယ်။ Update တစ်ခုနဲ့ တစ်ခုကြားမှာတော့ လေးလကနေ ခြောက်လအထိ အချိန်ကွာခြားနိုင်တယ်လို့လည်း သိရပါတယ်။

Microsoft ဟာ Redstone 2 update ကနေပြီးတော့ အသုံးပြုသူတွေရဲ့ feedback တွေကို လက်ခံသွားမှာဖြစ်ပြီး အကောင်းဆုံး ပြန်လည် ပြင်ဆင်သွားမှာပါ။ လောလောဆယ် Windows Anniversary Update မှာတော့ Cortana ကို ဖြုတ်လို့မရတော့တာကို တွေ့ရပါတယ်။

( Beauty Syh )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment