Powered by Blogger.

ကလေးတွေအတွက် You Tube Kids ထွက်ရှိလာ


YouTube Red ဝန်ဆောင်မှုကိုပြီးခဲ့တဲ့ နွေရာသီတုန်းက ထုတ်လုပ်ပြီးနောက်ပိုင်မှာ ယခုတစ်ဖန် YouTube Kids ဆိုတဲ့ နောက်ဆုံးထွက်လုပ်ဆောင်ချက်တစ်ရပ်က ထပ်မံပေါ်ထွက်လာပါပြီ။ ကလေးတွေကို ရည်စူးထားတဲ့ You Tube Kids မှာ ပြုပြင်ပြောင်းလဲမှုတွေ ထပ်မံလုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

ဒီအသစ်ထပ်မံထွက်ပေါ်လာတဲ့ ဗားရှင်းကို YouTube Red ကနေလုပ်ဆောင်တာဖြစ်ပြီး ကြော်ငြာမပါဝင်တဲ့ဗီဒီယိုတွေကို Offline အနေနဲ့ ကြည့်ရှုနိုင်မယ့်လုပ်ဆောင်ချက်တွေ ပါဝင်တာပါ။ ဒီလိုကြည့်ရှုနိုင်ဖို့အတွက် YouTube Kids App မှာ Sign In လုပ်ရမှာဖြစ်ပါတယ်။

ဒီလိုလုပ်လိုက်ရုံနဲ့ သင်ဟာ App ဒါမှမဟုတ Site ကို ဘာမှပေးစရာမလိုပဲ ကလေးတွေအတွက် သီးသန့်ကြည့်ရှုနိုင်မှာပါ။ ကြိုက်နှစ်သက်တဲ့ Show တွေကိုလည်း အလကားအနေနဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သူတို့က သီချင်းကြိုက်နှစ်သက်တတ်တဲ့ ကလေးတွေဆိုရင် သူတို့ရဲ့ App ကို Tunes Play အဖြစ် Background မှာ ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။

ကလေးတွေအတွက်သာမဟုတ်ပဲ မိသားစုတွေအတွက်ပါ အဆင်ပြေလွယ်ကူစွာ ကြည့်ရှုနိုင်စေမှာ ဖြစ်ပါတယ်။

( Beauty Syh )

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment