တကယ်လို့သင့်အနေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့လည်း ကိုက်ညီတဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အိမ်မှာအသုံးပြုလိုနေပြီဆိုရင်တော့ သင့်အတွက် ဆိုလာပြားအသစ်တွေ ရောက်ရှိလာခဲ့ပါပြီ။ ဒီဆိုလာပြားတွေဟာ သာမန်ပြတင်းပေါက်တွေကို သာမန်ဆိုလာပြားတွေထက် အဆ၅၀ ပိုမိုစွမ်းအင်ထုတ်လုပ်ပေးနိုင်တဲ့ စွမ်းအင်ပြတင်းပေါက်တွေ ဖြစ်အောင် ပြောင်းလဲပေးတော့မှာဖြစ်ပါတယ်။
“ဆိုလာပြားတွေကို ကောက်ယူကြည့်ရှုလိုက်ရင်တောင် သင့်အနေနဲ့ သာမန်မှန်တစ်ချပ်ကို ကြည့်ရှုနေရသလို ကြည်လင်တဲ့ အရောင်ကို မြင်ရမှာဖြစ်ပါတယ်” လို့ SolarWindow ရဲ့ CEO ဖြစ်သူ John Conklin ကဆိုပါတယ်။ “ဒီပုံစံ၊ ဒီနည်းပညာဟာ မိုးမျှော်တိုက်တွေရဲ့ ပြတင်းတွေမှာ အသုံးပြုတဲ့ မှန်ပုံစံမျိုးတော့မဟုတ်ပါဘူး” လို့ဆက်လက်ပြောကြားခဲ့ပါတယ်။
ဒီဆိုလာပြားတွေဟာ အထပ်ငါးဆယ်ရှိတဲ့ တိုက်တစ်လုံးကို တစ်နှစ်လျှင် ၁.၃ဂစ်ဂါဝပ်အထိ စွမ်းအင်တွေ ထုတ်လုပ်ပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီအနေအထားဟာ တစ်နှစ်ကို လူနေအိမ်ပေါင်း ၁၃၀ကို စွမ်းအင်ထောက်ပံ့နိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။
( Beauty Syh )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref: Digital Trends
0 comments:
Post a Comment