နားကြပ်ပေါက်မပါဝင်တဲ့ ဖုန်းတွေအတွက် ဒေါ်လာ ၄၀တန် Bluetooth ခေါက်နားကြပ်
iPhone 7 အပါအဝင် နောက်ပိုင်းထွက်မယ့် ဖုန်းတွေမှာ နားကြပ်ပေါက်မပါဝင်လို့ စိတ်ညစ်နေပြီလား? စိတ်မညစ်ပါနဲ့။ ဒေါ်လာ ၄၀တန် Franklin Bluetooth နားကြပ်ကလေး ထွက်လာပါပြီ။ သင့်အနေနဲ့ ခရီးထွက်ရင်လည်း အလွယ်တကူသယ်ဆောင်သွားနိုင်အောင် ခေါက်ထားလို့ရတာလည်း ဖြစ်ပါတယ်။
ဒီနားကြပ်ဟာ အသံအရည်အသွေးလည်း အဆင်ပြေပြီး တစ်ခါအားသွင်းထားရုံနဲ့ ခြောက်နာရီကြာ အသုံးခံတယ်လို့ သိရပါတယ်။ အဲ့ဒီအပြင် ဘက်ထရီကို ဖုန်းကနေတစ်ဆင့် ကြည့်ရှုနိုင်မှာလည်း ဖြစ်ပါတယ်။
နားကြပ်ကို Built-in အနေနဲ့ မိုက်ကရိုဖုန်းနဲ့ ဖုန်းကွန်ထရိုးလ်တွေလည်း ထည့်သွင်းပေးထားပါတယ်။ အချိန်အကန့်အသတ်အတွင်းမှာ ဒေါ်လာ ၃၉.၉၉နဲ့ ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
( Beauty Syh )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref: BGR
0 comments:
Post a Comment