Powered by Blogger.

ဥပဒေသစ်ကြောင့် မင်းသား၊ မင်းသမီးတွေအနေနဲ့ သူတို့ရဲ့ အသက်အရွယ်တွေကို IMDb စာမျက်နှာကနေ ဖယ်ရှားနိုင်ပြီဖြစ်


ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ဥပဒေတစ်ရပ်ကို အကြီးအကဲဖြစ်သူ Jerry Brown က ပြီးခဲ့တဲ့ စနေနေ့က လက်မှတ်ထိုးခဲ့တာကြောင့် IMDb တို့လို ဖျော်ဖြေရေးဆိုင်ရာ အချက်အလက် စာမျက်နှာကြီးတွေမှာ တကယ်လို့ မင်းသား၊ မင်းသမီးတွေက အသက်အရွယ်ကို ဖယ်ရှားပေးဖို့ ပြောလာရင် ဖယ်ရှားပေးရတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

“ဒီအတွက်ကျွန်တော်တို့နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ရပါတယ်။ သရုပ်ဆောင်တွေရဲ့ မွေးနေ့ကို IMDb လိုစာမျက်နှာမျိုးကနေ အွန်လိုင်းမှာဖော်ပြတာဟာ အန္တရာယ်ရှိလာနိုင်တာကြောင့်ပါ” လို့ ဖော်ပြထားပါတယ်။

ဥပဒေအမှတ် AB 1687 နဲ့ ဖော်ပြခဲ့တာဖြစ်ပြီး အဓိကဦးဆောင်သူ Ian Calderon ကနေပြီး အခုလို ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ Amazon ပိုင်ဆိုင်တဲ့ IMDb ဝက်ဘ်ဆိုက်ဟာ မင်းသမီးသရုပ်ဆောင်တွေရဲ့ တရားစွဲမှုကို ခံရပြီး ဒေါ်လာ တစ်သန်းကျော် လျော်ခဲ့ရဖူးပါတယ်။

( Beauty Syh )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: BGR


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment