Powered by Blogger.

လျှပ်စစ်ကားတွေထုတ်လုပ်ဖို့အတွက် အစီအစဉ်စတင်နေတဲ့ BMW


မာစီဒီးဟာ လျှပ်စစ်ကားတွေကို ထုတ်လုပ်ရာမှာ Tesla ကို ယှဉ်ပြိုင်မယ့် တစ်ဦးတည်းသောကားကုမ္ပဏီ မဟုတ်တော့ပါဘူး။ ဂျာမန်သတင်းရင်းမြစ်တွေရဲ့ အဆိုအရ BMW ဟာလည်း လျှပ်စစ်ကားတွေကို ထုတ်လုပ်ဖို့အတွက် ယခုအခါမှာ ခြေလှမ်းစတင်နေပြီလို့ သိရပါတယ်။

 ကုမ္ပဏီအနေနဲ့ လက်ရှိမှာ i3 နဲ့ ပုံစံတူတဲ့ ကိုယ်ထည်မြင့်ကား EV ကိုထုတ်လုပ်ဖို့အတွက် စီစဉ်နေတာဖြစ်ပြီး လျှပ်စစ်ကားဗားရှင်းအသစ်တွေကို အဓိကအရေးအကြီးဆုံး ပစ္စည်းတွေဖြစ်တဲ့ ဆီဒင်ကားအမျိုးအစား X4 Crossover နဲ့ iconic Mini တို့စီမံကိန်းတွေပြီးရင် မီးစိမ်းပြဖို့အတွက် စီစဉ်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။

 BMW အနေနဲ့ ဒီသတင်းအပေါ် မှတ်ချက်တစ်စုံတစ်ရာ ပေးဖို့အတွက် ငြင်းဆန်ခဲ့ပါတယ်။ အမေရိကန်လျှပ်စစ်ကားကုမ္ပဏီ Tesla ကလည်း ကားသစ် Model 3 အတွက် အမှာစာတွေကို စတင်လက်ခံနေပြီဖြစ်ပါတယ်။

ရုပ်ကြွင်းလောင်စာကို မှီတည်နေတဲ့ လက်ရှိကားဈေးကွက်အပေါ်ကို ကားထုတ်လုပ်သူတွေဟာ နောက်ထပ်တစ်မျိုးအနေနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုဖို့အတွက် စီစဉ်နေရာမှာ လျှပ်စစ်ကားတွေဟာ စူပါစတားတွေဖြစ်လာခဲ့တာပါ။

( Beauty Syh )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Engadget

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

1 comments:

  1. 1xbet - Best Bet in 1xBet - Download or Install for Android
    1xbet is the best betting app in the world wooricasinos.info created for esports. It kadangpintar is a one of ventureberg.com/ the safest and most trusted names aprcasino among players. 1xbet 먹튀 It offers a user friendly interface

    ReplyDelete