Powered by Blogger.

iPhone 7 Plus အတွက် ပထမအသုတ်အလုံးရေ အကုန်လုံးရောင်းချပြီးခဲ့ပြီလို့ Apple ကြေညာ


သင့်အနေနဲ့ iPhone 7 ကို ဝယ်ယူဖို့အတွက် အားခဲထားတယ်ဆိုရင်တော့ အချိန်အနည်းငယ်စောင့်ဆိုင်းရပါလိမ့်မယ်။ iPhone 7 Plus အတွက် ပထမအသုတ် ရောင်းချဖို့ ပြင်ဆင်ထားတဲ့ အလုံးရေ အားလုံးဟာ pre-order မှာတင်ပဲ ရောင်းလို့ ကုန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။

 ဒီဇိုင်းပိုင်းအနည်းငယ်သာပြောင်းလဲလာပြီး jet black အရောင်သစ် ၊ ကျောကင်မရာ နှစ်လုံးတွဲနဲ့ ထွက်ရှိလာတဲ့ iPhone 7 Plus ဟာဆိုရင်တော့ မျှော်မှန်းထားတာထက်လည်း ပိုပြီးအရောင်းသွက်လျက်ရှိနေတာပါ။

“ကျွန်တော်တို့ကို အမြဲအားပေးနေတဲ့ စိတ်ရှည်တဲ့ customer တွေကို အရမ်းကို ကျေးဇူးတင်ပါတယ်။ iPhone အသစ်တွေကို အားလုံးရဲ့ လက်ထဲကို အရောက်ပို့နိုင်ဖို့ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားပေးနေပါတယ်။ အရမ်းအလျင်လိုနေတဲ့ သူတွေအတွက်ပေါ့” လို့ Apple ရဲ့ ပြောရေးဆိုခွင့်ရှိသူ ထရူဒီမူလာက ပြောကြားခဲ့တာပါ။

သိပ်ပြီးအပြောင်းအလဲမများခဲ့တဲ့ iPhone 7 စီးရီးကို ဝေဖန်သူတွေများပြားလျက်ရှိနေခဲ့ပေမယ့်လည်း အရောင်ပိုင်းတိုးတက်မှု ၊ hardware ပိုင်းတိုးတက်မှုတွေနဲ့အတူ အသစ်ထွက်ရှိထားတဲ့ iOS 10 ကလည်း ရောင်းအားကောင်းစေမယ့် အဓိက အချက်တွေ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားထားခဲ့ပါတယ်။

( Beauty Syh )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : CNet

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment