Intel Corp ဟာ General Atlantic ကုမ္ပဏီက Robert Swan ကို Chief Financial Officer ကို အရောင်းပိုင်းနဲ့ ထုတ်လုပ်မှုပိုင်းကို ပြောင်းရွှေ့သွားတဲ့ Stacy Smith နေရာအစားထိုးဖို့အတွက် ခေါ်ယူလိုက်တယ်လို့ သိရပါတယ်။
ကမ္ဘာ့အကြီးဆုံး Chipmaker ကုမ္ပဏီကြီးအနေနဲ့ ဒီနှစ်အစောပိုင်းမှာတုန်းက Smith အနေနဲ့ Intel ရဲ့ CFO နေရာကနေ ထွက်တော့မှာဖြစ်ပြီး ကဏ္ဍအသစ်ကိုပြောင်းရွှေ့တော့မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
အသက် ၅၆နှစ်အရွယ်ရှိပြီဖြစ်တဲ့ Swan ဟာ General Atlantic ကုမ္ပဏီမှာ တစ်ကမ္ဘာလုံးဆိုင်ရာ Finance နဲ့ IT Organization မှာ လုပ်ကိုင်နေသူဖြစ်တယ်လို့ Intel ကဆိုပါတယ်။ သူ့အနေနဲ့ ကုမ္ပဏီကိုလာမယ့် အောက်တိုဘာလ ၁၀ရက်နေ့မှာ လာရောက်ပူးပေါင်းမှာဖြစ်တယ်လို့ သိရပါတယ်။
Swan ဟာ ယခင်တုန်းကလည်း Ebay မှာ CFO အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အဲ့ဒီကနေမှတစ်ဆင့် PayPal ပြီးခဲ့တဲ့နှစ်တုန်းက ရောက်ရှိခဲ့တာပါ။
( Beauty Syh )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref: Reuters
0 comments:
Post a Comment