Xperia C5 Ultra ကိုပြီးခဲ့တဲ့နှစ်တုန်းက Android Lollipop ဗားရှင်းနဲ့ ရရှိခဲ့ပြီး မကြာသေးခင် ဇန်နဝါရီလတုန်းကလည်း 5.1 ကို Update ပေးခဲ့ပါတယ်။
၈လကြာမြင့်ပြီးနောက် Sony ဟာ ပစ္စည်းကို Marshmallow ထိတိုးမြှင့်လိုရအောင် ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒါဟာဆိုရင် Sony ဖုန်းရဲ့ Nougat ဗားရှင်းထွက်လာချိန်မှာ ထွက်လာတဲ့ သတင်းပဲဖြစ်ပါတယ်။ ဒါကြောင့် Sony ဖုန်းတွေရဲ့ Android ဗားရှင်းကို Update လုပ်မှုဟာ နောက်ကျတယ်လို့လည်း သုံးသပ်နေကြတာပါ။
ဒါပေမယ့် Sony အနေနဲ့ ဒီလိုဗားရှင်းပြောင်းလဲမှုအတွက် ဖုန်းမှာတစ်စုံတစ်ရာ ပြောင်းလဲသွားမယ့် အကြောင်းကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။
( Beauty Syh )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref: Android Police
0 comments:
Post a Comment