LG ဟာ သူတို့ရဲ့ ကန့်သတ်ထုတ်ကုန်ဖြစ်တဲ့ ၂၁:၉ မော်နီတာတွေကို ဒီနှစ်ကုန်ပိုင်းမှာ မိတ်ဆက်ဖို့ရှိနေပြီး လာမ်ယ့ စက်တင်ဘာလထဲမှာတော့ ဒေါ်လာ ၁၅၀၀ နဲ့ ရောင်းချမယ့် ကမ္ဘာ့အကြီးဆုံး မော်နီတာကြီးအပါအဝင် မော်နီတာ အမျိုးအစားသုံးမျိုးကို မိတ်ဆက်ရောင်းချခဲ့ပါတယ်။
အဲ့ဒါကတော့ မျက်နှာပြင်ကွေးပုံစံနဲ့ အကျယ် ၃၈လက်မအရွယ် 38UC99 မော်ဒယ်၊ ၃၄လက်မမျက်နှာပြင်ကွေးနဲ့ 34UC76G မော်ဒယ်နဲ့ ၃၄လက်မအရွယ် မျက်နှာပြင်ပြား 34UM79M တို့ပဲဖြစ်ပါတယ်။
ဈေးနှုန်းအနေနဲ့ ကတော့ မျက်နှာပြင်ကွေး ၃၈လက်မအရွယ် ဒီဇိုင်းက ဒေါ်လာ ၁၅၀၀၊ ၃၄လက်မမျက်နှာပြင်ကွေးက ဒေါ်လာ ၇၀၀နဲ့ ၃၄လက်မ မျက်နှာပြင်ပြားက ဒေါ်လာ ၆၀၀ရှိမှာဖြစ်တယ်လို့ သိရပါတယ်။
( Beauty Syh )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref: Engadget
0 comments:
Post a Comment