Powered by Blogger.

Android က Messenger App အတွက် ဒေတာသုံးစွဲမှုချွေတာပေးမယ့် ‘Data Saver’ ကို Facebook စမ်းသပ်နေ


Facebook ဟာ ယခုအခါမှာ Android ဖုန်းတွေက Messenger App အတွက် ဒေတာသုံးစွဲမှုချွေတာပေးမယ့် လုပ်ဆောင်ချက်တစ်ရပ်ကို စမ်းသပ်နေတယ်လို့ သိရပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ Facebook Messenger App က Setting Menu ထဲမှာ Option တစ်ရပ်အနေနဲ့ ထည့်သွင်းထားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လုပ်ဆောင်ချက်ကိုဖွင့်ထားလိုက်လို့ရှိရင် Facebook Messenger ဟာ သင်ခွင့်မပြုပဲ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ဒေါင်းလုဒ်ပြုလုပ်မှာ မဟုတ်ပါဘူး။ သင့်အနေနဲ့ ဒေါင်းလုဒ်လုပ်လိုတဲ့အခါကျမှာ အဲ့ဒီပုံ/ဗီဒီယိုပေါ် ကလစ်လုပ်လိုက်ရုံပဲ ဖြစ်ပါတယ်။

ဒါကြောင့် လစဉ်သွားတဲ့ ဘေလ်ထဲမှာ Messenger ရဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေပါဝင်တော့မှာမဟုတ်ပါဘူး။ ဒီလုပ်ဆောင်ချက်ဟာ ဆယ်လူလာကွန်နက်ရှင်ဖွင့်ထားတဲ့ အခါမှသာ အလုပ်လုပ်မှာ ဖြစ်ပြီး Wi-Fi Mode မှာ အကြုံးဝင်မှာ မဟုတ်ပါဘူး။

ဒါကြောင့် Messenger မှာ ဘေလ်မကုန်ချင်ရင် နောက်ပိုင်းဆိုရင် ဒီ Option ကို On လုပ်ထားလိုက်ရုံပဲ ဖြစ်ပါတယ်။

(Beauty Syh)
သစ်ထူးလွင် (နည်းပညာ)
Technology.thithtoolwin.com
Ref: Phone Arena

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment