Powered by Blogger.

Apple Pay စနစ်ကို ရုရှားမှာ ကြေညာပြီးနောက် နောက်ထပ်ဆယ်နိုင်ငံမှာ ရရှိနိုင်တော့မည်


Apple ဟာ Apple Pay စနစ်ကို ရုရှားနိုင်ငံမှာ ထုတ်လုပ်ခဲ့ပြီး နောက်မှာ သူတို့ရဲ့ Payment System ကို နောက်ထပ် နိုင်ငံတကာကို ထပ်မံဖြန့်ချိဖို့ ပြုလုပ်နေပါတယ်။ ဝန်ဆောင်မှုကို အရင်ဆုံးအနေနဲ့ Sberbank နဲ့ Mastercard သုံးစွဲသူတွေဆီမှာ ဦးစွာ ရရှိနိုင်မှာ ဖြစ်တယ်လို့ Tass သတင်းအေဂျင်စီက ဆိုပါတယ်။ ဒီသတင်းကို Sberbank ရဲ့ ဝက်ဘ်ဆိုက်ကနေ ပြန်လည် ဖော်ပြခဲ့တာပါ။

နောက်ပိုင်းမှာတော့ Apple Pay စနစ်ကို အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ တရုတ်၊ သြစတြေးလျနဲ့ ကနေဒါအပါအဝင် နိုင်ငံဆယ်နိုင်ငံမှာ ထပ်မံရရှိနိုင်မှာ ဖြစ်ပါတယ်။ Samsung ဟာလည်း ဒီလိုမျိုး တူညီတဲ့ ဝန်ဆောင်မှု တစ်ခုရှိပြီး ပြီးခဲ့တဲ့လက ရုရှားနိုင်ငံမှာ ထုတ်ဖော်ခဲ့ပြီး နိုင်ငံပေါင်း ၉နိုင်ငံမှာ ရရှိနိုင်ပြီဖြစ်ပါတယ်။

Google ဟာလည်း ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်တုန်းက Android Pay စနစ်ကို မိတ်ဆက်ခဲ့ပြီး ဗြိတိန်၊ သြစတြေးလျနဲ့ စင်္ကာပူနိုင်ငံတွေမှာ ရရှိအောင် ချဲ့ထွင်နိုင်ခဲ့ပါတယ်။ မကြာခင်မှာ Mobile Web ဗားရှင်းအနေနဲ့ ရရှိနိုင်တော့မှာ ဖြစ်တယ်လို့ Blog မှာဖော်ပြထားပါတယ်။ Apple Pay စနစ်ဟာ နောက်လကျရင် Web ကနေ ထုတ်လုပ်တော့မှာ ဖြစ်ပြီး iOS 10 နဲ့ MacOS Sierra တို့နဲ့အတူ ထုတ်လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

(Beauty Syh)
သစ်ထူးလွင် (နည်းပညာ)
technology.thithtoolwin.com
Ref: The Verge

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment