Powered by Blogger.

Xioaomi ရဲ့ 4K Mi Box ကို အမေရိကန်ပြည်ထောင်စုတွင် တရားဝင်ရောင်းချ


Xiaomi ရဲ့ Android TV တွေနဲ့ တွဲဖက်ပြီး အလုပ်လုပ်နိုင်မယ့် Mi Box ကို အမေရိကန်ပြည်ထောင်စုမှာ ရရှိနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ ဒီပစ္စည်းကို ဒီနှစ်အတွင်းမှာ ပြုလုပ်ခဲ့တဲ့ Google I/O မှာ မိတ်ဆက်ခဲ့ပြီး ၅လအကြာမှာ ရရှိခဲ့တာပါ။

ဒေါ်လာ ၆၉သာ ရှိတဲ့ Mi Box အနေနနဲ့ Google ရဲ့ Cast box နဲ့လဲ တွဲဖက်ပြီး အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ Mi Box ဟာ 4K အရည်အသွေးရှိတဲ့ ဗီဒီယိုတွေကို 60fps နဲ့ ပြသနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီဈေးနှုန်းအလယ်အလတ်တန်းစား Box မှာ လုပ်ဆောင်ချက်တွေအနေနဲ့ quad-core ARM Cortex-A53 CPU processor, 2GB RAM နဲ့ 8GB Flash Storage (USB နှင့် Storage ထပ်မံချဲ့ထွင်နိုင်) တို့ပါဝင်ပါတယ်။

Mi Box ဟာ Xiaomi ကပဲ ထုတ်လုပ်တဲ့ Mi Game Controller နဲ့လည်း တွဲဖက်အလုပ်လုပ်နိုင်မှာ ဖြစ်လို့ သင့်အနေနဲ့ ပိုမိုကောင်းမွန်တဲ့ ဂိမ်းတွေကို ဆော့ကစားနိုင်မှာပါ။ ဒီပစ္စည်းဟာ အတော်သင့်လျော်တဲ့ ဈေးနှုန်းတစ်ရပ်ကို ပေးထားတာဖြစ်လို့ Roku နဲ့ Apple တို့ကထုတ်လုပ်တဲ့ လုပ်ဆောင်ချက်တူ ပစ္စည်းတွေနဲ့လည်း နှိုင်းယှဉ်ကြည့်နိုင်တာပါ။

ပြည်ထောင်စုထဲမှာတော့ Xiaomi ရဲ့ ပထမဆုံး သွင်းကုန်ကို mi.com ကနေတစ်ဆင့် Walmart မှာ ဒီနေ့ကစလို့ ဝယ်ယူနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

(Beauty Syh)
သစ်ထူးလွင် (နည်းပညာ)
technology.thithtoolwin.com
Ref: The Verge
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment