ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက MWC ပွဲမှာ မိတ်ဆက်ခဲ့တဲ့ HP ရဲ့ Elite x3 Window ဖုန်းတွေဟာ ဈေးကွက်ထဲ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၇၉၉ရှိမယ့် Window 10 စနစ်သုံး Phablet တွေအနေနဲ့ မျက်နှာပြင်အကျယ် ၅.၉၆လက်မ ရှိမှာဖြစ်ပြီး 1440 x 2560 AMOLED Resloution ရှိမှာဖြစ်ပါတယ်။
Processor ကတော့ Snapdragon 820 processor ဖြစ်ပြီး RAM ကတော့ 4GB ရှိမှာဖြစ်ပါတယ်။ Storage ကတော့ 64GB ရှိတဲ့ Storage ကို Memory ကဒ်ထပ်စိုက်နိုင်မှာပါ။ ကင်မရာပိုင်းကတော့ 16MP ကျောဘက်ကင်မရာနဲ့ 8MP ရှေ့မျက်နှာကင်မရာ၊ ပါရှိပါတယ်။
Security ပိုင်းမှာဆိုရင်လည်း မျက်ကြည်လွှာဖတ်တဲ့ Iris Scanner နဲ့အတူ Fingerprint reader စနစ်ပါဝင်တယ်လို့ သိရပါတယ်။ ဘက်ထရီပမာဏကတော့ ကြီးမားတယ်လို့ ဆိုနိုင်ညပီး 4150mAh ရှိပါတယ်။ အဲ့ဒီအပြင် ရေစိမ်ခံတဲ့ စွမ်းရည်လည်း ပါဝင်ပြီး IP67 အဆင့်ရှိတယ်လို့ သိရပါတယ်။
(Beauty Syh)
သစ်ထူးလွင် (နည်းပညာ)
Technology.thithtoolwin.com
Ref: Phone Arena
0 comments:
Post a Comment