Powered by Blogger.

Microsoft ရဲ့ Surface Pro 4 တက်ဘလက် တွေကို Discount ချနေ


Microsoft ဟာ Core m3 ပါဝါနဲ့ Surface Pro 4 တွေကို ဒေါ်လာ ၁၀၀ ဈေးလျှော့ပြီးရောင်းချနေပါတယ်။ ဒါကြောင့် ဈေးနှုန်းကို ဒေါ်လာ ၇၄၉နဲ့ ရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Intel Core i5 ပါဝါနဲ့ မော်ဒယ်ကိုတော့ ဒေါ်လာ ၈၉၉နဲ့ရောင်းချနေတာဖြစ်ပါတယ်။ အဆိုပါနှစ်မျိုးလုံးဟာ 4GB RAM နဲ့ 128 GB SSD Storage ရှိတာပါ။

ဒီဒစ်စကောင့်ကို ဒီလကုန်ထိ ပေးထားမှာဖြစ်ပြီး ကောလာဟလတွေအရ Microsoft ဟာ Surface Pro 4 ဆန်းသစ်ပြီး Surface Book Laptop အနေနဲ့ ထုတ်လုပ်ဖို့အတွက် ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ နောက်နှစ်အတွင်းမှာတော့ Surface Pro 5 နဲ့ Book 2 တွေကို ထုတ်လုပ်ဖို့အတွက် မျှော်လင့်ထားကြပါတယ်။

Surface Pro 4 ဟာ Window 10 စနစ်နဲ့ အလုပ်လုပ်တာဖြစ်ပြီး ကီးဘုတ်ကာဗာတစ်ခုပါဝင်ပါတယ်။ မျက်နှာပြင်အကျယ် 12.3 လက်မရှိပြီး Surface Stylus Pen လည်း ပူးတွဲပါဝင်ပါတယ်။ Surface Pro 4 ကို Core i7 Processors, 256GB Storage နဲ့ 16 GB RAM တွေနဲ့လည်း ရရှိနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

(Beauty Syh)
သစ်ထူးလွင် (နည်းပညာ)
technology.thithtoolwin.com
Ref: Phone Arena
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment