Powered by Blogger.

MacBook Pro အသစ်ကို ထုတ်ဖော်မယ့် Apple Event ကို အောက်တိုဘာ ၂၇တွင်ပြုလုပ်မည်


သတင်းတွေထွက်ပေါ်ထားသလိုပဲ Apple ဟာ လာမယ့် အောက်တိုဘာလ ၂၇ရက်နေ့မှာ ကယ်လီဖိုးနီးယားပြည်နယ်၊ Cupertino မြို့မှာပြုလုပ်မယ့် ပွဲကိုအတည်ပြုပြီး ဖိတ်စာတွေကို ပို့လိုက်ပြီဖြစ်ပါတယ်။ ဒီပွဲမှာ ကုမ္ပဏီအနေနဲ့ MacBook Pro ကွန်ပျူတာသစ်တွေကို ထုတ်ဖော်ဖို့အတွက် မျှော်လင့်ရတာဖြစ်ပါတယ်။

ကောလာဟလတွေအရ Apple ရဲ့ MacBook အသစ်ဟာ နောက်ဆုံးထါက် Intel Processor ကိုထောက်ပံ့ထားမှာဖြစ်ရုံက၊ ပိုမိုပါးလွှာတဲ့ ဒီဇိုင်းပုံစံသစ်ကိုလည်း ယူဆောင်လာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီအပြင် USB ပေါက် တွေကိုဖြုတ်ပြီး ကိုယ်ပိုင် MagSafe လို့ခေါ်တဲ့ ဆက်သွယ်တဲ့ စနစ်အသစ်တစ်မျိုးကိုအသုံးပြုလာမှာ ဖြစ်ကြောင်း သတင်းတွေက ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြနေကြတာပါ။


အဲ့ဒီအပြင် MacBook Pro မျိုးဆက်သစ်ဟာ အထူး OLED Panel တစ်မျိုးကို ကီးဘုတ်ရဲ့ အပေါ်နားလောက်မှာ ထည့်သွင်းသုံးစွဲလာဖို့လည်း ရှိနေပြီး ဒါဟာဆိုရင် Shorcuts, Quick Launch နဲ့ တခြား Function key တွေအတွက် အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအပြင် တခြား Macs မျိုးဆက်တွေကိုလည်း ဆန်းသစ်လာဖို့ရှိပြီး MacBook Air နဲ့ Desktop ကွန်ပျူတာအမျိုးအစားတွေဖြစ်တဲ့ Mac နဲ့ iMac တွေကိုလည်း ပြန်လည် Update လုပ်လာမှာ ဖြစ်တယ်လို့ ဆိုနေကြတာပါ။ ဒီသတင်းတွေမှန်ကန်မလားဆိုတာကတော့ အောက်တိုဘာ ၂၇ရက်နေ့ ကူပါတီနိုမှာပြုလုပ်မယ့် ပွဲကျရင်အဖြေပေါ်လာမှာပါ။

(Beauty Syh)
သစ်ထူးလွင် (နည်းပညာ)
Technology.thithtoolwin.com
Ref: Techno Buffalo
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment