Powered by Blogger.

iOS အတွက် WhatsApp Update မှာ ဓာတ်ပုံနဲ့ဗီဒီယိုတွေထဲမှာ ပုံဆွဲတာ၊ စာရေးတာပြုလုပ်နိုင်ပြီ



WhatsApp အတွက် Android Update ကို ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ကျော်က ထုတ်လုပ်ခဲ့ကာ လုပ်ဆောင်ချက်အသစ်များစွာကို ထည့်သွင်းပေးခဲ့ပြီးနောက် ယနေ့မှာတော့ iOS ဗားရှင်းအတွက် App ကိုလည်း တူညီတဲ့ Update အနေနဲ့ ရရှိနိုင်ပြီ ဖြစ်ပါတယ်။


Update ဗားရှင်းကတော့ 2.16.12 ဖြစ်ပြီး WhatsApp အနေနဲ့ iOS အသုံးပြုသူတွေကို မတသညီတဲ့ Brush အရွယ်အစားနဲ့ Font Style အမျိုးမျိုးပါဝင်တဲ့ Emoji တွေဆွဲတာ၊ ထည့်သွင်းတာနဲ့ သင့်ပုံနဲ့ ဗီဒီယိုတွေထဲမှာ စာတွေရိုက်ထည့်တာတွေ ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။

ဒါနဲ့ တူညီတဲ့ လုပ်ဆောင်ချက်ကို လက်ရှိမှာ Snapchat နဲ့ ညီနောင် App ဖြစ်တဲ့ Instagram ရဲ့ Instagram Stories တွေမှာလည်း ရရှိနိုင်နေပြီ ဖြစ်ပါတယ်။ နောက်ဆုံးထွက် iOS အတွက် WhatsApp မှာ Group တွေထဲက Admin တွေအနေနနဲ့ မိမိ Group ထဲကို Invite လုပ်ရာမှာ ပိုမိုလွယ်ကူအောင်လည်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။

(Beauty Syh)
သစ်ထူးလွင် (နည်းပညာ)
technology.thithtoolwin.com
Ref: Phone Arena

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment