Powered by Blogger.

Nike နဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ Apple ရဲ့ Nike+ စမတ်နာရီထွက်တော့မည်


Apple ဟာ သူတို့ရဲ့ တိတ်တဆိတ် Nike နဲ့ ပူးတွဲဖန်တီးထားတဲ့ Nike+ စမတ်နာရီတွေကို လာမယ့် အောက်တိုဘာ ၂၈ရက်နေ့ကျရင် စတင်ရောင်းချတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလက ကြေညာခဲ့ပြီး Nike ရဲ့ အထူးထုတ် Apple Watch ဗားရှင်းဟာ Apple ရဲ့နောက်ဆုံးပေါ် မျိုးဆက်သစ် Watch Series 2 ပဲဖြစ်ပါတယ်။

ထုတ်ကုန်အနေနဲ့ အများအပြားပြောင်းလဲလာဖို့မရှိပဲ အဓိကအချက်အနည်းငယ်ကိုသာ ဆန်းသစ်ထားတာကို တွေ့ရှိရမှာပါ။ ဘာတွေပြောင်းလဲလာဖို့ရှိနေလဲ ဆိုရင်တော့ အဓိကအနေနဲ့ လက်ပတ်ကြိုးဖြစ်ပြီး Nike ရဲ့ စတိုင်အတိုင်း Sports ဆန်တဲ့ ပုံစံသစ်ကို မြင်တွေ့ရမှာပါ။ အရောင်အသွေးအနေနဲ့ အနက်၊ အဝါ၊ ငွေ သို့မဟုတ် ခဲရောင်ဆိုပြီး အရောင်လေးမျိုးမှာ အပေါက်ပုံစံတွေနဲ့ ဆန်းသစ်ထားမှာပါ။


ဒီဆန်းသစ်ထားတဲ့ Series 2 စမတ်နာရီရဲ့ ဈေးနှုန်းတွေကတော့ ၃၈မီလီမီတာဗားရှင်းဟာ ဒေါ်လာ ၃၇၀ကျသင့်မှာ ဖြစ်ပြီး ၄၂မီလီမီတာဗားရှင်းကတော့ ဒေါ်လာ၄၀၀ ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

(Beauty Syh)
သစ်ထူးလွင် (နည်းပညာ)
technology.thithtoolwin.com
Ref: Tech Crunch

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment