Powered by Blogger.

Galaxy Note Brand ကို ထာဝရ ရပ်ဆိုင်းတော့မယ့် Samsung



ရုရှားနိုင်ငံကနေ ထွက်ပေါ်လာတဲ့ သတင်းတွေအရ Samsung ဟာ Note ဆိုတဲ့ နာမည်နဲ့ ဖုန်းတွေကို အနာဂါတ်ကာလမှာ ထုတ်လုပ်တော့ဖွယ်မရှိဘူးလို့ သိရပါတယ်။ ဒီသတင်းဟာ Samsung ရဲ့ ရုရှားအော်ပရေးရှင်းပိုင်းက အမည်မဖော်လိုသူ ရင်းမြစ်တစ်ခု ကနေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ကုမ္ပဏီအနေနဲ့ Note 7 Brand ဖုန်းတချို့မှာ ဖြစ်ပေါ်နေတဲ့ ပေါက်ကွဲမှုနဲ့ ထိခိုက်မှုတွေ ကိုအလွန်စိုးရိမ်လျက်ရှိနေတာပါ။


ဒီဖြစ်ရပ်တွေဟာ လက်ရှိမှာ ဖုန်းအဟောင်းတွေမှာရော၊ လဲပြီးသား ဖုန်းသစ်တွေမှာပါ ဖြစ်ပေါ်နေတာဖြစ်ပြီး Samsung အနေနဲ့ Galaxy Note 7 ဖုန်းထုတ်လုပ်မှုတွေကို ရပ်တန့်ထားတာ ဖြစ်ပါတယ်။
Samsung က ဖုန်းရောင်းချတဲ့ ပါတနာတွေကိုလည်း လဲလှယ်ဖို့ ယူနစ်ထဲက ဖုန်းတွေရဲ့ လဲလှယ်မှုကိုပါ ရပ်တန့်ထားဖို့အတွက် ညွှန်ကြားထားကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Samsung ရဲ့ အတွင်းပိုင်းသတင်းတွေအရ၊ ဖုန်း Brand နဲ့ ပါတ်သက်ပြီး သုံးစွဲသူ ၅၀ရာခိုင်နှုန်းဟာ အနှုတ်လက္ခဏာဆောင်တဲ့ ခံစားချက်တွေ ဖြစ်ပေါ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ Samsung ရဲ့အဦးဆုံး Galaxy Note ဖုန်းကို ၂၀၁၁ခုနှစ်၊ အောက်တိုဘာလ ၂၈ရက်နေ့မှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး မျက်နှာပြင်အကျယ် ၅လက်မထက်ကြီးတဲ့ ပုံစံနဲ့ စတင်ယူဆောင်လာခဲ့တဲ့ ပထမဦးဆုံး စမတ်ဖုန်းပဲဖြစ်ပါတယ်။ မျက်နှာပြင်အကျယ်ဟာ ၅.၃လက်မရှိပြီး၊ 800 x 1280 Resolution ရုပ်ထွက်ရှိပါတယ်။



(Beauty Syh)
သစ်ထူးလွင် (နည်းပညာ)
Technology.thithtoolwin.com
Ref: Phone Arena

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment