Powered by Blogger.

အလုပ်သမား ၃၀၀ကျော်ကို အလုပ်ဖြုတ်ဖို့စီစဉ်နေတဲ့ Twitter



Twitter ဟာ လုပ်သားအင်အားရဲ့ ၈ရာခိုင်နှုန်းဖြစ်တဲ့ အလုပ်သမားဦးရေ ၃၀၀ကို လျှော့ချဖို့အတွက် စီစဉ်နေတယ်လို့ Reuters ရဲ့သတင်းတစ်ရပ်အရ သိရပါတယ်။

အလုပ်သမားလျှော့ချတဲ့ အစီအစဉ်ကို ကုမ္ပဏီအနေနဲ့ လာမယ့် ကြာသပတေးနေ့မှာ ပြုလုပ်မယ့် တတိယမြောက်သုံးလပတ်ဝင်ငွေ ရှင်းတမ်းပွဲမှာ ကြေညာမှာဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ဒီသတင်းအပေါ်မှတ်ချက်ပေးဖို့အတွက် ငြင်းဆန်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်တုန်းကရင်း Jack Dorsey ဟာ Twitter ရဲ့ CEO ပြန်လည် ဖြစ်လာခဲ့ပြီးနောက်မှာ Twitter ဟာ အလုပ်သမား ၃၃၆ယောက်ကို ဖြုတ်မယ်ဆိုပြီး သတင်းတွေထွက်ထားခဲ့တာပါ။

Twitter ဟာ တစ်နှစ်ကိုဒေါ်လာသန်း၄၀၀နှုန်းနဲ့ ဒေါ်လာ ၁၂.၇၆ဘီလီယံကို အလုပ်လည်ပတ်ဖို့အတွက် အရှုံးပေါ်ထားတာလည်း ဖြစ်ပါတယ်။

(Beauty Syh)
သစ်ထူးလွင် (နည်းပညာ)
Technology.thithtoolwin.com
Ref: Reuters
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment