Powered by Blogger.

Note 7 အသုံးပြုသူတွေကို Note 8 ထွက်လာတဲ့အခါကျရင် ၅၀ရာခိုင်နှုန်း ဈေးလျှော့ပေးမှာဖြစ်ကြောင်း Samsung ကတိပေး




Samsung ဟာ Note 7 ပိုင်ရှင်တွေကို သူတို့ရဲ့ ဖုန်းတွေကို Upgrade လုပ်ဖို့အခွင့်အလမ်းပေးတဲ့အနေနဲ့ နောက်နှစ်မှာ ထွက်ပေါ်လာမယ့် Note 8 ဖုန်းတွေကို ဈေးနှုန်းတစ်ဝက်သက်သာတဲ့ နှုန်းထားနဲ့ ရောင်းချဖို့အတွက် စီစဉ်နေတယ်လို့ ရိုက်တာသတင်းတစ်ရပ်က ဆိုပါတယ်။

ကုမ္ပဏီအနေနဲ့ ဒီအစီအစဉ်ကို Note 7 လဲလှယ်တဲ့အစီအစဉ်မှာ ပါဝင်တဲ့ တောင်ကိုရီးယားနိုင်ငံအတွက် ပြုလုပ်ပေးမှာ ဖြစ်ပြီး မိခင်နိုင်ငံအပြင် US နဲ့ တခြားကမ္ဘာ့နိုင်ငံတွေအတွက် ကမ်းလှမ်းချက်ရှိမရှိတော့ ပြောကြားခြင်း မရှိသေးပါဘူး။

ဒါဟာဆိုရင် Samsung အတွက် Note 7 ကို US နဲ့ တခြားနိုင်ငံတွေမှာ ဒေါ်လာတစ်ရာ ပေးပြီး လဲလှယ်ပေးပြီးတဲ့နောက်မှာ ထပ်မံထွက်ပေါ်လာတဲ့ အသုံးပြုသူတွေအတွက် ကမ်းလှမ်းမှုတစ်ရပ်လည်း ဖြစ်ပါတယ်။

(Beauty Syh)
သစ်ထူးလွင် (နည်းပညာ)
#technology.thithtoolwin.com
Ref: The Verge

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment